Trending Now

ျမစ္ႀကီးနားသတင္းဂ်ာနယ္မွ သတင္းေထာက္ ၂ဦးကို ရိုက္နွက္ခဲ့မႈေၾကာင့္ ကုမၸဏီ မန္ေနးဂ်င္းဒါရိုက္တာနွင့္၀န္ထမ္း ၅ဦးကို တရားစြဲ

Spread the love


ျမစ္ႀကီးနားသတင္းဂ်ာနယ္မွ သတင္းေထာက္ ၂ဦးကို ရိုက္နွက္ခဲ့မႈေၾကာင့္ ကုမၸဏီ မန္ေနးဂ်င္းဒါရိုက္တာနွင့္၀န္ထမ္း ၅ဦးကို တရားစြဲ
EPN
ဝုိင္းေမာ္၊ ေဖေဖၚဝၚရီ ၂၆
ျမစ္ၾကီးနားသတင္းဂ်ာနယ္တြင္ လုပ္ကုိင္ေန သည့္ သတင္းေထာက္ ၂ဦးကုိ ဖမ္းဆီး႐ုိက္ႏွက္မႈ ေၾကာင့္ သခင္စစ္ကုမၸဏီမွ မန္းေနးဂ်င္းဒါ႐ုိက္ ႏွင့္ ဝန္ထမ္းငါးဦးကုိ
ယေန႔ ေဖေဖၚဝၚရီ ၂၆ ရက္ေန႔က အမႈဖြင့္တရားစြဲဆုိခဲ့ေၾကာင္း ဝုိင္းေမာ္ ၿမိဳ႕မရဲစခန္းမွ သိရသည္။
အဆိုပါ သခင္စစ္ကုမၸဏီ မန္ေနဂ်င္းဒါရိုက္တာ ဦးဒိန္ေဆာင္ နွင့္၀န္ထမ္း ၅ဦးကို ရာဇသတ္ၾကီးပုဒ္မ ၃၅၄ အမ်ိဳးသမီးကာယိအိေျႏၵ ပ်က္ျပားေအာင္ျပဳလုပ္မႈ၊ ပုဒ္မ၂၉၄ ညစ္ညမ္းစြာဆဲဆိုျခင္း ၊ ပုဒ္မ ၃၄၁ မတရား တားဆီးပိတ္ပင္မႈ ၊ပုဒ္မ ၃၂၃ နာက်င္ေစမႈ ၊ပုဒ္မ ၁၁၄ အားေပးကူညီမႈ စသည့္ပုဒ္မမ်ားျဖင့္ ဖမ္းဆီးခံခဲ့ရသူ ျမစ္ႀကီးနား သတင္းဂ်ာနယ္မွ သတင္းေထာက္ မြန္းမြန္းပန္က တရားလုိျပဳ၍ ၀ိုင္းေမာ္ျမိဳ႕မရဲစခန္း
တြင္ တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရ
သည္။
ေဖေဖာ္၀ါရီလ ၂၅ရက္ေန႕ထုတ္ ျမစ္ၾကီးနားသတင္းဂ်ာနယ္တြင္ “မန္ေဒါင္ေက်း၇ြာ အုပ္စုတြင္တရုတ္တစ္သ်ွဴး ငွက္ေပ်ာစိုက္ပ်ိဳးသည့္ ကုမၸဏီနွစ္ခု ၀င္ေရာက္လုပ္ကိုင္ေန”ဆိုသည္႕ သတင္း ၌ သခင္စစ္ကုမၸဏီပါဝင္ေနေၾကာင္း ေဖၚျပခဲ့
ေၾကာင္း၊ ယင္းသတင္းမွာ မွားယြင္းေနသည္ ဟုဆုိကာ ေဖေဖာ္၀ါရီလ ၂၆ရက္ေန႔ နံနက္ပိုင္းက သခင္စစ္ကုမၸဏီ၀န္ထမ္းမ်ားမွ ျမစ္ၾကီးနားသတင္းဂ်ာနယ္ရံုးသို႕ ေရာက္ရွိလာ၍ သတင္းေထာက္မ်ားနွင့္ ေဆြးေႏြးရန္ရွိသည္ဟုဆိုျပီး ၀ိုင္းေမာ္ျမိဳ႕ရွိ ၄င္းတို႕၏ ကုမၸဏီရံုးသို႕ မမြန္းမြန္းပန္ႏွင့္ အာဂ်ယ္ကုိ ေခၚေဆာင္ကာ ဆဲဆုိ႐ုိက္ႏွက္ခဲ့ေၾကာင္း သိရသည္။
ယခုကိစၥႏွင့္ ပတ္သက္၍ ပါဝင္က်ဴးလြန္သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ ေဖၚထုတ္ အေရးယူေပး ႏုိင္ေရး ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္ ျပည္ထဲေရးဝန္ႀကီးဌာန ႏွင့္ ကခ်င္ျပည္နယ္ အစုိးရအား တုိက္တြန္း ေဆာင္ရြက္ေပးရန္ ျပည္တြင္းသတင္းမီဒီယာ အဖြဲ႔အသည္း ၆ခုကထုတ္ျပန္ခဲ့သည္။
ေကာင္းေကာင္း
Photo Ah Je & moonmoon pan facebook
———————————————
မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် ၂ဦးကို ရိုက်နှက်ခဲ့မှုကြောင့် ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာနှင့်ဝန်ထမ်း ၅ဦးကို တရားစွဲ
EPN
ဝိုင်းမော်၊ ဖေဖေါ်ဝါ်ရီ ၂၆
မြစ်ကြီးနားသတင်းဂျာနယ်တွင် လုပ်ကိုင်နေ သည့် သတင်းထောက် ၂ဦးကို ဖမ်းဆီးရိုက်နှက်မှု ကြောင့် သခင်စစ်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက် နှင့် ဝန်ထမ်းငါးဦးကို ယနေ့ ဖေဖေါ်ဝါ်ရီ ၂၆ ရက်နေ့က အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ဝိုင်းမော် မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင် နှင့်ဝန်ထမ်း ၅ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၅၄ အမျိုးသမီးကာယိအိနြေ္ဒ ပျက်ပြားအောင်ပြုလုပ်မှု၊ ပုဒ်မ၂၉၄ ညစ်ညမ်းစွာဆဲဆိုခြင်း ၊ ပုဒ်မ ၃၄၁ မတရား တားဆီးပိတ်ပင်မှု ၊ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ပုဒ်မ ၁၁၄ အားပေးကူညီမှု စသည့်ပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသူ မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မွန်းမွန်းပန်က တရားလိုပြု၍ ဝိုင်းမော်မြို့မရဲစခန်း
တွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရ
သည်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့ထုတ် မြစ်ကြီးနားသတင်းဂျာနယ်တွင် “မန်ဒေါင်ကျေးရွာ အုပ်စုတွင်တရုတ်တစ်သျှူး ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ”ဆိုသည့် သတင်း ၌ သခင်စစ်ကုမ္ပဏီပါဝင်နေကြောင်း ဖေါ်ပြခဲ့
ကြောင်း၊ ယင်းသတင်းမှာ မှားယွင်းနေသည် ဟုဆိုကာ ဖေဖော်ဝါရီလ ၂၆ရက်နေ့ နံနက်ပိုင်းက သခင်စစ်ကုမ္ပဏီဝန်ထမ်းများမှ မြစ်ကြီးနားသတင်းဂျာနယ်ရုံးသို့ ရောက်ရှိလာ၍ သတင်းထောက်များနှင့် ဆွေးနွေးရန်ရှိသည်ဟုဆိုပြီး ဝိုင်းမော်မြို့ရှိ ၎င်းတို့၏ ကုမ္ပဏီရုံးသို့ မမွန်းမွန်းပန်နှင့် အာဂျယ်ကို ဖိတ်ခေါ်ပြီး ဆဲဆိုရိုက်နှက်ခဲ့ကြောင်း သိရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖေါ်ထုတ် အရေးယူပေး နိုင်ရေး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန နှင့် ကချင်ပြည်နယ် အစိုးရအား တိုက်တွန်း ဆောင်ရွက်ပေးရန် ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အသည်း ၆ခုကထုတ်ပြန်ခဲ့သည်။
ကောင်းကောင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။