Trending Now

ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် မေ့မျောနေသော လူငယ်တစ်ဦးကို လမ်းဘေးတစ်နေရာတွင်တွေ့ရှိ

Spread the love

ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် မေ့မျောနေသော လူငယ်တစ်ဦးကို လမ်းဘေးတစ်နေရာတွင်တွေ့ရှိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ ၁၄ တွင် ယနေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က ဦးခေါင်းတစ်ဝိုက် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် မေ့မျောနေသော လူငယ်တစ်ဦးကို လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

အဆိုပါ ဒဏ်ရာများဖြင့် မေ့မျောနေသည့် အမျိုးသားမှာ လယ်ကုန်း နယ်မြေ ၁၄ အတွင်း စိုက်ပျိုးရေးခြံအနီး လမ်းဘေးတွင် ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် မေ့မျောနေသည်ကို လမ်းသွားလမ်းလာများမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” မေ့နေတဲ့လူက ထုနှက်ဒဏ်ရာတွေနဲ့လမ်းဘေးမှာတွေ့တာ။ ခေါင်းလည်းကွဲ၊ နှုတ်ခမ်းတွေလဲ ဖူးရောင်နေတာ။ မေးစေ့လဲ ကွဲနေတာ။ သတိလဲ မရတော့ ဖြစ်စဥ်အသေးစိပ် မသိရဘူး။ ထင်တာတော့ ပွဲကနေပြန်လာပြီး မနေကညထဲက ဖြစ်နေတာထင်တယ်။ ဘေးမှာလဲ ခဲလုံးမှာ သွေးတွေနဲ့ တွေ့ရတယ်။ ခဲနဲ့ပဲ ထုထားတာလား ထင်မိတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ အမျိုးသားမှာ အသက် ၂၂ နှစ်ခန့်အရွယ် အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ဦးခေါင်းကွဲဒဏ်ရာ၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာများဖြင့် မေ့မျောလျှက်ရှိကြောင်း လက်ရှိတွင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။