Trending Now

ဟွန်ဒူးရပ်စ်သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

ဟွန်ဒူးရပ်စ်သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၇

ဟွန်ဒူးရပ်စ်သမ္မတ နှင့် ဇနီးဖြစ်သူ အန်နာဂါစီယာတို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဟွန်ဒူးရပ်စ်သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်က ယမန်နေ့က ၄င်းတိုင်းပြည်သို့ ပြောကြားသည့် မိန့်ခွန်းတစ်ခုအတွင်း ကြေညာခဲ့ သည်။

“ကျွန်တော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်” ဟု သမ္မတ ဟာနန်ဒက်ဇ်က ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောကြားသည်။

“ကျွန်တော့်ရဲ့ ရောဂါလက္ခဏာက မပြင်းပါဘူး။ ကျွန်တော်တို့ မကြာမီ ပုံမှန်ဆောင်ရွက်မှု တွေ ပြန်လည်ဆောင်ရွက်မှာဖြစ်ပါတယ်။ အီလက်ထရောနစ်နည်းလမ်းများဖြင့် သမ္မတတစ်ဦးရဲ့ တာဝန်ဝတ္တရား တွေကို ကျေပွန်အောင်ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဟာနန်ဒက်ဇ်သည် လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေပြီး လက်ထောက်များမှတစ်ဆင့် တာဝန်ထမ်းဆောင်မည်ဟု သိရသည်။

အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲရေးစနစ်၏ အဆိုအရ ဟွန်ဒူးရပ်စ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုကူးစက်လူနာ ၉၆၅၆ ဦး၊ သေဆုံးသူ ၃၃၀ ဦးနှင့် ရောဂါပိုးကင်းစင်သူ ၁၀၇၅ ဦးရှိသည်။

–ကိုးကား–
ENA
Ref; Honduran president tests positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။