Trending Now

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမာရာခမ်းကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုတွင် လက်ရှိပါကစ္စတန်ဝန်ကြီးချုပ် ပါဝင်နေဟုဆို

Spread the love

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမာရာခမ်းကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုတွင် လက်ရှိပါကစ္စတန်ဝန်ကြီးချုပ် ပါဝင်နေဟုဆို

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၅

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အမာရာခမ်းသည် နိုဝင်ဘာ ၃ ရက်နေ့က ပစ်ခတ်လုပ်ကြံခံရပြီးနောက် ၎င်းအား သတ်ရန် ကြံစည်မှုတွင် လက်ရှိဝန်ကြီးချုပ်ဟောင်း ရှာရစ်ဖ် ပါဝင်ပတ်သက်နေသည်ဟု ယမန်နေ့က စွပ်စွဲပြောဆိုခဲ့သည်။

ဧပြီလတွင် အလွဲသုံးစားလုပ်မှုဖြင့် ဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း အမရာခမ်းသည် ၎င်း အားလုပ်ကြံမှုတွင် လက်ရှိဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး နှင့် အကြီးတန်း တပ်မှူးတစ်ဦးတို့ ပါဝင်နေသည်ဟု ယမန်နေ့ က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းသည် ၎င်းကိုထောက်ခံသူများနှင့်အတူ မြို့တော် အစ္စလာမ်ဘတ်သို့ချီတက်စဉ် ဂူဂျာရန် မြို့တွင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရပြီးနောက် ခြေထောက်တွင်ဒဏ်ရာရခဲ့ပြီး လာဟိုးမြို့ရှိဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ရသည်။

၂၀၂၃ တွင်ကျင်းပမည့် ရွေးကောက်ပွဲ ကိုသတ်မှတ်ကာလထက်စော၍ကျင်းပပေးရန်တောင်းဆိုသည့်အနေဖြင့် ဝန်ကြီးချုပ်ဟောင်းက ယင်းသို့ချီတက်တောင်းဆိုနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ပါကစ္စတန် စစ်တပ် နှင့် အစိုးရတာဝန်ရှိသူများက ဝန်ကြီးချုပ်ဟောင်းရဲ့ စွပ်စွဲချက်ကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်အဖြစ် ခေါ်ဆိုခဲ့သော်လည်း ပါကစ္စတန် အစိုးရနှင့် တာဝန်ရှိသူများက ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်ညွန်ကြားထားကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ကို ရဲကဖမ်းဆီးထားပြီဖြစ်ကြောင်း ပါကစ္စတန်အဏာပိုင်းများက အသိပေးထားသော်လည်း သေနတ်သမားမှာမည်သူမည်ဝါဖြစ်သည်ကိုမသိရသေးပေ။

— ကိုးကား —
aljazeera
ref; Imran Khan says Pakistan PM Sharif involved in plot to kill him

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။