Trending Now

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ ပယ်ဖျက်ဖို့ ကြိုးပမ်းမှုနဲ့ ဒေါ်နယ်ထရမ့် စွဲချက်တင်ခံရ

Spread the love

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ ပယ်ဖျက်ဖို့ ကြိုးပမ်းမှုနဲ့ ဒေါ်နယ်ထရမ့် စွဲချက်တင်ခံရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၄

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ဖို့ ကြိုးပမ်းခဲ့မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ထရမ့်အနေနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ စွဲချက်တင်ခံရတာ လေးလအတွင်း တတိယအကြိမ် ဖြစ်ပါတယ်။

အခုနောက်ဆုံးအကြိမ် စွပ်စွဲချက်အရ သူဟာ သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ အနိုင်ရမှုကို လွှတ်တော်က တရားဝင် အသိအမှတ်မပြုအောင် လှည့်ဖြားကြံစည်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် မဲပေးသူတွေရဲ့ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ အထူးအကြံပေးအရာရှိ ဂျတ်စမစ် က “၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရတာဟာ အမေရိကန်ဒီမိုကရေစီသမိုင်းတစ်လျှောက်မှာ မကြုံစဖူး တိုက်ခိုက်ခံရခြင်း ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

စမစ် ရဲ့ စုံစမ်းစစ်ဆေးမှုအရ အဲဒီတိုက်ခိုက်မှုဟာ အမေရိကန်အစိုးရယန္တရားကို အခက်တွေ့စေဖို့ ပစ်မှတ်ထားတဲ့ ထရမ့် ရဲ့ မုသားစကားတွေကြောင့် ဖြစ်ပွားခဲ့တာလို့ စွပ်စွဲထားပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထောင်နဲ့ချီတဲ့ လူတွေဟာ လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြပြီး အဲဒီအဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီမတိုင်ခင် တစ်နာရီလောက်က နိုဝင်ဘာလရွေးကောက်ပွဲရဲ့ ရလဒ်တွေကို တရားဝင်အသိအမှတ်ပြုဖို့ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ ထရမ့်က သူ့ရဲ့ ထောက်ခံသူတွေရှေ့မှောက်မှာ မိန့်ခွန်းပြောကြားနေခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က သူ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကို ဝန်ခံဖို့ ငြင်းဆိုခဲ့ပြီး သူ့ရဲ့ ထောက်ခံသူတွေအနေနဲ့ “ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့” တိုက်တွန်းခဲ့ပါတယ်။

ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။