Trending Now

ပြည်တွင်း ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာပြီး သေဆုံးသူရှိလာ

Spread the love

ပြည်တွင်း ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာပြီး သေဆုံးသူရှိလာ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၅

ပြည်တွင်း ကိုဗစ် ကူးစက်မှုတွေ စက်တင်ဘာလမှစတင်ကာ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပြီး သေဆုံးသူတွေရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ယမန်နေ့တစ်ရက်အတွင်း သံသယလူနာ ၁၂,၁၂၀ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိ ၃၄၈ဦး ရှိခဲ့သည့်အတွက် ကူးစက်မှု ၃.၁၇ ရာခိုင်နှုန်းရှိနေကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုဗစ်ကြောင်း သေဆုံးသူ ၄ ဦး ရှိခဲ့သလို ယခုလ ၁ ရက်နေ့မှ ၁၄ ရက်အတွင်း သေဆုံးသူ ၆ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုဖော်ပြထားသည့် စာရင်းမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်ဖြစ်သော်လည်း မြေပြင်တွင် ပြင်ပဆေးခန်းများ၌ကုသမှု ပြုလုပ်ခြင်း ၊သေဆုံးခြင်းများ ရှိနိုင်သည့်အတွက် ရောဂါပိုးကူးစက်ခြင်း သေဆုံးခြင်းများ ယခုထက် ပိုရှိနိုင်ကြောင်း ပြင်ပပုဂ္ဂလိက ဆရာဝန်တွေက ပြောဆိုထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအတည်ပြုလူနာများ၏ ကူးစက်မှု ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ မထိုးနှံထားသူတွေဖြစ်ပြီး ၁၅.၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး တစ်ကြိမ် ထိုးထားသူများဖြစ်ကြောင်း ဖော်ပြထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။