Trending Now

စက်သုံးဆီ ပြတ်လပ်မည်ဆိုသောသတင်းကြောင့် လက်လီအရောင်းဆိုင်များတွင် ဝယ်ယူ စုဆောင်မှုများလာ

Spread the love

စက်သုံးဆီ ပြတ်လပ်မည်ဆိုသောသတင်းကြောင့် လက်လီအရောင်းဆိုင်များတွင် ဝယ်ယူ စုဆောင်မှုများလာ

EPN

မအူပင် ၊ မေလ ၂၃

မြန်မာနိုင်ငံ အတွင်းသို့ စက်သုံးဆီအဓိကတင်သွင်းဖြန့်ဖြူး ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်ကြီးများတွင် Ron 92 နှင့် 95 ဓါတ်ဆီ ပြတ်လပ်မည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် မအူပင်မြို့ပေါ်ရှိ စက်သုံးဆီလက်လီရောင်းချသည့် ဆိုင်ငယ်များတွင် စက်သုံးဆီ ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြောင်းသိရသည်။

ပြည်တွင်းသို့စက်သုံးဆီ အဓိကတင်သွင်းရောင်းချနေ သည့် Denko ကုမ္ပဏီတွင်ဆက်လက်ရောင်းချရန် လက်ကျန်နည်းပါးနေသည့်အတွက်မြို့ကြီးအချိုကိုသာ ရောင်းချနိုင်မည်ဖြစ်ပြီးကျန်မြို့များရှိ ဆိုင်ခွဲ ၃၈ ခုတွင် လက်ကျန်ကုန်ပါက ရောင်းချမှုရပ်နားထားရမည့် အခြေအနေတွင်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ဝယ်ယူစုဆောင်းသူ များပြားလာခြင်းဖြစ်သည်။

“ဆီဈေးကတော့ယနေ့ ညနေဘက်အထိ ထပ်မတက်သေးပါဘူး။ကျွန်တော်တို့ဘက်ကို အဓိကဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေမှာ 92, 95 တွေ ပြတ်မယ်လို့ ကြားနေရတယ်။ဒါကြောင့်ကိုယ်လုပ်နေတဲ့လုပ်ငန်းတွေ ရပ်မသွားစေဖို့ ဆီကိုရသလောက်လေး ဝယ်စုနေတာပါ”ဟု မအူပင်မြို့ပေါ်မှ စက်သုံးဆီလက်လီရောင်းချသူ တစ်ဦးကပြောသည်။

ထို့သို့သတင်းများ ထွက်ပေါ်ပြီးနောက် Denko ကုမ္ပဏီက”စက်သုံးဆီတင်သင်္ဘောများရောက်ရှိပြီး ဖြစ်ကြောင်း၊စက်သုံးဆီများကိုအခက်အခဲမရှိ အပြည့်အဝ ရောင်းချပေးလျက်ရှိပါကြောင်း၊မေလ ၁၉ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

မအူပင်မြို့နယ်တွင် ပြည်သူများအများစုအသုံးများသည် စက်သုံးဆီများဖြစ်သည့် 92 တစ်လီတာလျှင်ငွေကျပ် ၂၃၀၀ ၊ 95 တစ်လီတာလျှင်ငွေကျပ် ၂၅၅၀ ပေါက်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စက်သုံးဆီပြတ်လပ်မည်ဆိုသည့်သတင်းကြောင့်စက်သုံး ဆီအရောင်းဆိုင်ကြီးများအပါအဝင် လက်လီ ဆိုင်များတွင်တိုးဝှေ့ဝယ်ယူခဲ့ကြသဖြင့် 92 တစ်လီတာလျှင် ၃၁၀၀ ကျပ်အထိဈေးမြင့်တက်ခဲ့ဖူး ကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။