Trending Now

လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) ကို ဇွန် ၉ ရက်အထိ သက်တမ်းတိုးမည်ဟု မလေးရှားဝန်ကြီးချုပ် မူယက်ဒင်ယာဆင် ပြော

Spread the love

လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) ကို ဇွန် ၉ ရက်အထိ သက်တမ်းတိုးမည်ဟု မလေးရှားဝန်ကြီးချုပ် မူယက်ဒင်ယာဆင် ပြော

EPN
နိုင်ငံတကာ၊ မေ ၁၀

မလေးရှားနိုင်ငံ၏ လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) ကို ဇွန်လ ၉ ရက်အထိ နောက်ထပ်တစ်လ သက် တမ်းတိုးမည်ဖြစ်ရာ မတ်လ ၁၈ ရက်တွင် အဆိုပါအမိန့်ကို ပြဌာန်းပြီးနောက်ပိုင်း စတုတ္ထအကြိမ် သက်တမ်းတိုး မှုဖြစ်လာမည်ဟု ဝန်ကြီးချုပ် မူယက်ဒင်ယာဆင်က ပြောကြားသည်။

မလေးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိ ခဲ့သော်လည်း ကြိုးပမ်းမှုများ အပြည့်အဝ မအောင်မြင်ခဲ့ကြောင်း ယနေ့ အထူးမိန့်ခွန်းတစ်ခုအတွင်း ဝန်ကြီးချုပ် မူယက်ဒင်ယာဆင်က ပြောကြားသည်။

လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) မှာ မေလ ၁၂ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။ “ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်တာမှာ လိုအပ်တဲ့လုပ်ငန်းတွေ အစိုးရက ဆက်လက်ဆောင်ရွက်တာ ပြည်သူတွေ အလိုရှိ တယ်လို့ ပြည်သူတွေရဲ့အမြင်ကို အခြေခံပြီး ကျွန်တော် သဘောပေါက်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေးကောင်စီ၏ အကြံပြုချက်အရ လှုပ်ရှားမှုထိန်းချုပ်ရေးအ မိန့် (MCO) ကို ဇွန်လ ၉ ရက်အထိ သက်တမ်းတိုးကြောင်း ကျွန်တော် ကြေညာချင်ပါတယ်” ဟု ယာဆင်က ဆို သည်။

အဆိုပါအမိန့်အရ မရှိမဖြစ် စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုကို တားမြစ်ထားသည်။ ထိုကန့်သတ်ချက်များကြောင့် မလေးရှားနိုင်ငံတွင် ဧပြီလလယ်မှစ ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် အရေအတွက် လျော့နည်းလာခဲ့သည်။

ယမန်နေ့အထိ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ၆၅၈၉ မှုနှင့် သေဆုံးသူ ၁၀၈ ဉီးရှိကာ လူနာများ ၏ ၇၅ ရာခိုင်နှုန်းမှာ ပြန်လည်သက်သာလာခဲ့သည်။

စီးပွားရေး အကျိုးသက်ရောက်မှု လျော့နည်းစေရန် မလေးရှားအစိုးရက အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ တန်ကြေးရှိ စီးပွားရေးကယ်ဆယ်မှုအစီအစဉ်သုံးခု ဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် စုစုပေါင်း ဆုံးရှုံး နစ်နာမှုမှာ ခန့်မှန်းချေ ရင်းဂစ် ၆၃ ဘီလီယံခန့် ရှိခဲ့ကြောင်း ဝန်ကြီးချုပ် မူယက်ဒင်ယာဆင်က အလုပ်သမားနေ့ မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

–ကိုးကား–

စီအင်န်အေ
Ref; Malaysia’s movement control order to be extended further until Jun 9, says PM Muhyiddin


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။