Trending Now

မြိတ်မြို့ ကမ်းနားလမ်းရှိ အမှိုက်ပုံးအနီး ဗုံးပေါက်ကွဲကာ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

Spread the love

မြိတ်မြို့ ကမ်းနားလမ်းရှိ အမှိုက်ပုံးအနီး ဗုံးပေါက်ကွဲကာ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

EPN
မြိတ်၊ ဖေဖော်ဝါရီ-၂၂ (၂၀၂၄)

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကမ်းနားလမ်းရှိ အမှိုက်ပုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့မှု ယမန်နေ့ ဖေဖော် ဝါရီ ၂၁ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က မြိတ်မြို့၊ ရေပုံးရပ်ကွက်၊ ကမ်းနားလမ်းရှိ Sea View Condo အနီး လမ်းဘေးတွင်ထားရှိသည့် အမှိုက်ပုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဖြတ်သန်းသွားလာနေသူ (၃)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်ပွားမှုကြောင်း ဒေသခံလူမှုကူညီရေး အသင်းဝင်များက ထိခိုက်ဒဏ်ရာရသူ (၃)ဦးအား ဆေးကုသမှုခံယူနိုင်ရန် မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးစဥ် အမျိုးသား (၁)ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။