Trending Now

ဆန္ဒပြပွဲမှာ ပါဝင်တဲ့အတွက်တရုတ် စစ်မှုထမ်းဟောင်း သုံးဒါဇင်ကျော်ကို တရုတ် တရားရုံး ထောင်ဒဏ်ချမှတ်

Spread the love

ဆန္ဒပြပွဲမှာ ပါဝင်တဲ့အတွက်တရုတ် စစ်မှုထမ်းဟောင်း သုံးဒါဇင်ကျော်ကို တရုတ် တရားရုံး ထောင်ဒဏ်ချမှတ် 
EPN
နိုင်ငံတကာ၊ ဧပြီ ၁၉
တရုတ် တရားရုံး ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း သုံးဒါဇင်ကျော်ကိုထောင်ဒဏ်အ ပြစ်ပေးလိုက်ကြောင်း Fox news သတင်းကဖော်ပြထားပါတယ်။ 
စစ်မှုထမ်းဟောင်းတွေ ဟာ ရရှိတဲ့အခွင့်ရေးနည်းပါးမှုကြောင့် ဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းတွေက စစ်မှုထမ်း ကာလအတွင်း လုံလောက်တဲ့လျှော်ကြေးမရတဲ့အတွက် ဆန္ဒပြခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ 
တရုတ်နိုင်ငံရှန်ဒေါင်းပြည်နယ် နဲ့ ဂျန်ဆူ ပြည်နယ်တို့မှ တရားရုံးတွေ ဟာ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ စစ်မှုထမ်းဟောင်းတွေကို ဒီနေ့မှာထောင်ဒဏ်ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ 
တရုတ် ကွန်မြူနစ်ပါတီ ဟာ ဆန္ဒပြပွဲတွေကိုတင်းကြပ်ထားရာ ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ တရုတ် စစ်မှုထမ်းဟောင်း ၄၇ ဦးကို ထောင်ဒဏ် ၆ နှစ်ဆီ အပြစ်ပေးခဲ့တယ်လို့သိရပါတယ်။
တရုတ်စစ်မှုထမ်းဟောင်းတွေ ဟာ ရရှိတဲ့ပင်စင်လုံလောက်မှုမရှိမှုအပြင် အခြားအကျိူးကျေးဇူးရရှိတာနည်းပါးမှုတွေအတွက် ဆန္ဒပြတောင်းဆိုမှုတွေလည်းရှိနေပါတယ်။
————————————–

EPN





 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။