Trending Now

ဂျပန်နိုင်ငံမှာ သြဂုတ်လအတွင်း ဒေဝါလီခံမှုတွေ မြင့်တက်လာ

Spread the love

ဂျပန်နိုင်ငံမှာ သြဂုတ်လအတွင်း ဒေဝါလီခံမှုတွေ မြင့်တက်လာ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

ဂျပန်နိုင်ငံတွင်းက အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေဟာ ကပ်ရောဂါကာလအတွင်း ယူထားခဲ့တဲ့ ကယ်ဆယ်ရေးချေးငွေတွေကို ပြန်ဆပ်ဖို့ ရုန်းကန်နေရတဲ့အတွက် ကုမ္ပဏီတွေရဲ့ ဒေဝါလီခံမှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ ချေးငွေဆိုင်ရာ သုတေသနကုမ္ပဏီတစ်ခုက ပြောလိုက်ပါတယ်။

Teikoku Databank ကုမ္ပဏီရဲ့ ပြောကြားချက်အရ ကုမ္ပဏီ ၇၄၂ ခုဟာ ပြီးခဲ့တဲ့လမှာ စာရင်းဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေကို စတင်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူ ကာလကထက် ၅၀.၅ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၀၀ ပြည့်နှစ်မှာ အခုပုံစံအတိုင်း ဒေဝါလီခံမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ စတင်ပြုစုခဲ့ပြီးနောက်ပိုင်း တတိယမြောက် အကြီးမားဆုံး မြင့်တက်မှု ဖြစ်ပါတယ်။ ဒါဟာ နှစ်အလိုက်ကြည့်ရင် ၁၆ နှစ် ဆက်တိုက် တိုးလာတာ ဖြစ်ပါတယ်။

ဒေဝါလီခံရတဲ့ ကုမ္ပဏီတစ်ခုချင်းဟာ အနည်းဆုံး ယန်း ၁၀ သန်း တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇၀,၀၀၀ လောက် အကြွေးတင်နေပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်က ကုမ္ပဏီ ၁၈၇ ခုနဲ့ ဒေဝါလီခံမှု အများဆုံးဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ လက်လီရောင်းချတဲ့ ကဏ္ဍတွေက ဒုတိယနဲ့ တတိယ အများဆုံးဖြစ်ပါတယ်။

COVID ကယ်ဆယ်ရေးချေးငွေတွေ ပြန်ဆပ်ခြင်းနဲ့ ဆက်စပ်ပြီး ဒေဝါလီခံတဲ့ ကုမ္ပဏီ ၆၂ ခုအထိ ရှိခဲ့ပါတယ်။ ဇန်နဝါရီလကစပြီး ကုမ္ပဏီပေါင်း ၄၁၉ ခုအထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းက စုစုပေါင်းအ‌ရေအတွက်ထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။

Source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။