Trending Now

FIFA နဲ့ UEFA တို့က ရုရှားဘောလုံးအသင်းတွေအားလုံးကို နိုင်ငံတကာပြိုင်ပွဲမှ ထုတ်ပယ်

Spread the love

Advertise Here

FIFA နဲ့ UEFA တို့က ရုရှားဘောလုံးအသင်းတွေအားလုံးကို နိုင်ငံတကာပြိုင်ပွဲမှ ထုတ်ပယ်

EPN
နိုင်ငံတကာ၊ မတ်လ ၁

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ ဥရောပ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်တဲ့ UEFA တို့က ရုရှားအသင်းအားလုံးကို ပြိုင်ပွဲကနေ ရပ်နားတော့မယ်လို့ ကြေညာလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ ဥရောပဘောလုံးအဖွဲ့များသမဂ္ဂ (UEFA) တို့က မနေ့က အဆိုပါ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်လာပြီးနောက် ရုရှားအသင်းတွေအတွက် အခုလို ဆုံးဖြတ်ချက် ချခဲ့တာပါ။

“နိုင်ငံကိုယ်စားပြုအသင်းတွေပဲဖြစ်ဖြစ်၊ ကလပ်အသင်းတွေပဲဖြစ်ဖြစ် ရုရှားအသင်းတွေအားလုံးကို FIFA နဲ့ UEFA ပြိုင်ပွဲတွေမှာ ထပ်မံအသိပေးချက်မတင်မချင်း FIFA နဲ့ UEFA ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ကို ဆိုင်းငံ့ထားမယ်” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ရုရှားလက်ရွေးစင်အသင်းဟာ ယခုနှစ် ဖီဖာကမ္ဘာ့ဖလား ဖိုင်နယ်အဆင့်အတွက် ခြေစစ်ပွဲ ပါဝင်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

UEFA ရဲ့ဆုံးဖြတ်ချက်ကြောင့် ရုရှားကလပ် Spartak Moskva ဟာ Champion league ကွာတားဖိုင်နယ်ကို တက်ရောက်မယ့် မျှော်လင့်ချက်ဟာလည်း ပျက်ပြားသွားခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်တဲ့အနေနဲ့ ဖီဖာက ထုတ်ပြန်ခဲ့တဲ့ ကနဦး အရေးယူမှုတွေအပေါ် ဝေဖန်မှုတွေ အပြီးမှာ ဖီဖာရဲ့ နောက်ဆုံးလုပ်ဆောင်ချက်က အခုလို ထွက်ပေါ်လာတာပါ။

ရုရှားမှာ နိုင်ငံတကာပွဲတွေကို ပိတ်ပင်မယ်လို့လည်း သူက ပြောဆိုထားပြီး ကနဦးဆုံးဖြတ်ချက်များကို ပိုလန်နဲ့ အခြားနိုင်ငံတွေက ဘောလုံးအသင်းတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ရုရှားရဲ့ အကြီးဆုံး အစိုးရကျောထောက်နောက်ခံပြု ဓာတ်ငွေ့ကုမ္ပဏီ Gazprom နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အဆုံးသတ်ရန် ဆုံးဖြတ်လိုက်တယ်လို့ UEFA က ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ အခြေအနေတွေ သိသာထင်ရှားပြီး မြန်မြန်ဆန်ဆန် တိုးတက်ကောင်းမွန်လာဖို့နဲ့ ဘောလုံးဟာ လူတွေကြား စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် တစ်ဖန်ပြန်ဖြစ်လာဖို့ မျှော်လင့်တယ်လို့ FIFA နဲ့ UEFA က သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။