Trending Now

” အ ကြောင်း အ ရင်း က Trust ပဲ “

Spread the love

” အ ကြောင်း အ ရင်း က Trust ပဲ ” 

EPN
ဆောင်းပါး၊ မတ် ၃၁

အ ခု မြန် မာ နိုင် ငံ မှာ ဘယ် က ဏ္ဏ မ ဆို အား လုံး လို လို ခက် ခဲ နေ ရ တဲ့ အ ဓိ က အ ကြောင်း အ ရင်း က Trust လို့ ခေါ် တဲ့ ယုံ ကြည် မှု ပဲ ။

တိုင်း ရင်း သား လက် နက် ကိုင် တွေ နဲ့ ညှိ မ ရ တာ ၊ ပါ တီ တွေ အ များ ကြီး ကွဲ နေ ကြ တာ ၊ ခြေ ဥ ပြင် ဖို့ ခက် နေ တာ ၊ ဖက် ဒ ရယ် ကို မ ရောက် နိုင် သေး တာ ၊ စီး ပွား ရေး အ ဆင် မ ပြေ တာ အား လုံး က ယုံ ကြည် မှု ပျောက် ဆုံး နေ ကြ လို့ ပဲ ။

နှစ် ၇၀ လောက် လက် နက် ကိုင် တွေ ငြိမ်း ချမ်း ရေး အ တွက် ညှိ နှိုင်း မ ရ ဖြစ် နေ ရ တာ က လည်း တစ် ဖက် နဲ့ တစ် ဖက် ယုံ ကြည် မှု မ ရှိ လို့ ပဲ ။ တစ် ခြား ကိ စ္စ တွေ နောက် ကွယ် မှာ ရှိ နေ နိုင် သေး ပေ မယ့် နောက် ဆုံး အ ဆင့် မှီ မှီ လက် နက် ကိုင် ချုပ် ငြိမ်း ဖို့ အ တွက် အ ထိ ဆို လာ ရင် ယုံ ကြည် မှု မ ရှိ တာ ကြောင့် ပဲ ပျက် သွား ကြ ရ ပြန် တာ ပါ ပဲ ။

မ ဆ လ စ နစ် ကို မ ကြိုက် ကြ လို့ တစ် နိုင် ငံ လုံး ဆန့် ကျင် ခဲ့ ကြ ပြီး စစ် တပ် က ဆက် ပြီး အာ ဏာ ချုပ် ကိုင် ထား လို့ နှစ် ပေါင်း များ စွာ လူ ပေါင်း များ စွာ ဘ ဝ ပေါင်း များ စွာ စ တေး ခဲ့ ပြီး အ တန် အ သင့် ပြောင်း လဲ လာ ကြ တာ နဲ့ ပါ တီ ၁၀၀ လောက် ဖြစ် လာ တယ် ။

တစ် လျှောက် လုံး အ တူ တူ တိုက် ပွဲ ဝင် သ လို ထောင် ကျ လည်း အ တူ တူ ဖြစ် ခဲ့ ပြီး မှ အာ ဏာ လည်း ရ ရော ကွဲ ထွက် ကုန် ပြန် ရော ။ ဒါ လည်း သူ့ ကို မ ယုံ ကြည် ဘူး ဆို တဲ့ အ ပေါ် က နေ အ ခြေ ခံ တာ ပဲ ။

၂၀၀၈ ခြေ ဥ ပြင် ဖို့ ကို စစ် တပ် က ထောက် ခံ ပါ တယ် လို့ ဆို ပေ မယ့် လည်း မ ယုံ ဘူး ဆို တဲ့ သ ဘော နဲ့ ကော် မ ရှင် ဖွဲ့ ဆောင် ရွက် ကြ တယ် ။ လုပ် ပုံ လုပ် နည်း မ မှန် ဘူး ဆို ပြီး စစ် တပ် က ထောက် ပြ ပေ မယ့် ကော် မ ရှင် က တော့ ဆက် သွား နေ တယ် ။

စစ် တပ် က အ ခု တောင် က သောင်း က နင်း နဲ့ ခြေ ဥ ပြင် ပြီး မ လုပ် တတ် မ ကိုင် တတ် ဖြစ် ပြီး လက် နက် ကိုင် တွေ နဲ့ ဘယ် လို စ ခန်း သွား မှာ လဲ ကို မ ယုံ မ ကြည် ဖြစ် နေ တယ် ။
ဖက် ဒ ရယ် ပြည် ထောင် စု စ နစ် လို့ ပြော နေ ကြ ပေ မယ့် အ စိုး ရ တွေ က အာ ဏာ လျှော့ မ ချင် တော့ ၂၆၁ ကို တောင် ပြင် ဖို့ သ ဘော တူ အုံး မှာ မ ဟုတ် ပါ ဘူး ။

၂၆၁ ပြင် ရင် အာ ဏာ ရ ပါ တီ က ပြည် နယ် တွေ မှာ အာ ဏာ ကို ခွဲ ပေး လိုက် ရ သ လို ဖြစ် သွား လိမ့် မယ် ။ အ စိုး ရ က ပြင် မယ် လို့ သ ဘော တူ ပြီး ၂၆၁ ပြင် တဲ့ အ ထဲ မှာ ဝန် ကြီး ချုပ် ကို ၂၅% ၃၃% က မဲ မ ပေး ရ ဘူး လို့ ထည့် ရေး ရင် လည်း စစ် တပ် က ကန့် ကွက် လာ မယ် လို့ ထင် တယ် ။
ဘာ ဖြစ် လို့ လဲ ဆို ရင် ခွင့် ပြု လိုက် ရင် စစ် တပ် လည်း အာ ဏာ လျော့ ကျ သွား ရ မှာ ဖြစ် လို့ ပေါ့ ။ နောက် ဆုံး တော့ သူ တို့ ကို အ ကုန် ယုံ လို့ ရ ပါ့ မ လား ဆို တဲ့ နေ ရာ မှာ ဂိတ် ဆုံး သွား တယ် ။

တစ် နိုင် ငံ လုံး ထိ ခိုက် တဲ့ စီး ပွား ရေး အ ဆင် မ ပြေ တာ က လည်း ယုံ ကြည် မှု ပျောက် နေ ရ တဲ့ ပြ ဿ နာ ပဲ ။

စီး ပွား ရေး မှာ အ ဓိ က အ ရေး ကြီး ဆုံး က ယုံ ကြည် မှု Trust ပါ ပဲ ။ ဖြစ် နေ တာ လေး တွေ နဲ့ နှိုင်း ယှဉ် လို့ ရ အောင် တစ် ချိူ့ ရေး ပြ မယ် ။

အ ခု မြန် မာ ပြည် မှာ ပြည် တွင်း ပြည် ပ လုပ် ငန်း ရှင် တွေ လက် ရှိ အ ခင်း အ ကျင်း ကို အ ယုံ အ ကြည် မ ရှိ ကြ ဘူး ။ ဘာ ကြောင့် လည်း ဆို ရင် ” မူ ” မ ရှိ လို့ ပါ ပဲ ။ တစ် ချို့ အ တွင်း ရေး လေး တွေ ထည့် ရေး ချင် ပေ မယ့် နည်း နည်း ကြောက် လို့ မ ရေး တော့ ပါ ဘူး ။

ကိုယ့် က ဘာ အာ ဏာ ဘာ အ ထောက် အ ပံ့ မှ မ ရှိ ဘူး လေ ။ အ မေ အား ကိုး နဲ့ မိုက် နေ တာ ။
ပြည် တွင်း အ စိုး ရ ဆောက် လုပ် ရေး အ ထူး သ ဖြင့် ပ ညာ ရေး က တင် ဒါ တွေ ဝင် မ ဆွဲ ကြ ဘူး ။ ပု ဂ္ဂ လိ က လုပ် ငန်း ရှင် တွေ လက် ရှောင် ကြ တယ် ။ ဘာ ဖြစ် လို လဲ ဆို တော့ မ ယုံ ကြည် ကြ လို့ ပဲ ။

PAE တစ် စ တု ရန်း ပေ ကို မြန် မာ ဈေး နဲ့ အ နိမ့် ဆုံ တွက် ပေး ပြီး အ ဆင့် ဆင့် ရစ် နေ ကြ တယ် ။ အ မတ် က အ စ စိတ် မ ကျေ နပ် ရင် ကြမ်း ခင်း ပြန် ဖောက် ကြည့် နေ ကြ တယ် ။ ချို့ ယွင်း ချက် တစ် ခု ခု ကို အ ရေး ယူ ခွင့် ရ ပြီ ဆို ရင် ဘယ် အ စိုး ရ လက် ထက် မှာ တွေ့ ဖူး လဲ ဆို ပြီး Facebook ပေါ် တက် အ ရေး ယူ တယ် ။ ပ ညာ ရပ် ပိုင်း ဆိုင် ရာ လည်း ဘာ မှ နား မ လည် ဘူး ။

ကိ စ္စ အကြောင်း တစ် ခု ခု ဆို စ ကား ရပ် တစ် ခု က အ စ အ ထက် ကို တင် ပြီး လ နဲ့ ချီ စောင့် ရ တယ် ။ လုပ် ငန်း ရှင် ကို လည်း အ စိုး ရ က မ ယုံ ဘူး သူ ခိုး တွေ လို့ ပဲ ထင် နေ ကြ တယ် ။ လုပ် ငန်း ကြီး ကြီး လုပ် နိုင် တဲ့ သူ တွေ ကို လည်း သူ ခိုး အ ပေါင်း အ ပါ တွေ လို့ သတ် မှတ် ကြ တယ် ။
အ လုပ် အ ကိုင် လုပ် ရ ခက် လို့ အ ထက် ကို အ ကူ အ ညီ တောင်း ရင် လည်း သက် ဆိုင် သူ တွေ ကို မှ လွဲ ပြီး တစ် ခြား သူ တွေ ကို မ ယုံ ကြည် ကြ ဘူး ။ လွယ် အောင် လုပ် မ ပေး ဘူး ။ သူ့ ကိ စ္စ ရေး မှာ မ ဟုတ် လို့ အ ကြမ်း ပဲ ပြော တော့ မယ် တော် ပါ ပြီ ။

ပြည် ပ လုပ် ငန်း ရှင် တွေ ကြား ထဲ မှာ ကော ။ လက် ရှိ အ စိုး ရ အ ဖွဲ့ ကို ယုံ ကြည် မှု လျော့ နေ ပါ တယ် ။

အ စိုး ရ ဖြစ် စ က မ ဆင် မ ခြင် ရပ် ဆိုင်း လိုက် တဲ့ ကိ စ္စ တွေ က စ ပြီး လက် တွန့် သွား ခဲ့ ကြ တဲ့ ပြင် ပ ရင်း နှီး မြုတ် နှံ သူ တွေ က နောက် ပိုင်း မ ပွင့် လင်း တဲ့ အ စိုး ရ စီ မံ ကိန်း တွေ ကြောင့် ပို ပြီး လက် ရှောင် လာ ကြ တယ် ။

မြန် မာ ပြည် မှာ အ စိုး ရ လုပ် ရင် ပြည် သူ က ဖျက် ၊ ပြည် သူ လုပ် ရင် အ စိုး ရ က ဖျက် လို့ ပြော စ ရာ ဖြစ် လာ တယ် ။ မြစ် ဆုံ နဲ့ မြို့ သစ် ကို အ စိုး ရ က လုပ် ချင် ပေ မယ့် ပြည် သူ က လက် မ ခံ ချင် ကြ ဘူး ။ ဒါ က လည်း မ ပွင့် လင်း ခဲ့ တဲ့ အ ကြောင်း ကိ စ္စ တွေ နဲ့ ပြည် သူ လုပ် မယ့် စီ မံ ကိန်း တွေ ကို အ စိုး ရ က ဖျက် လိုက် တာ တွေ ရဲ့ ကံ အ ကျိုး ဆက် တွေ ပဲ လို့ ထင် တယ် ။
လောင် စာ ဒီ ဇယ် ဆီ တင် သွင်း ဖို့ နိုင် ငံ ခြား ကု မ္ပ ဏီ နဲ့ စာ ချုပ် ကြ တယ် ။ ဒီ ဇယ် က မြန် မာ နိုင် ငံ ကို တစ် က မ္ဘာ လုံး နဲ့ မ တူ တဲ့ အ မျိုး အ စား တင် သွင်း ရ တယ် ။ က မ္ဘာ ပေါ် မှာ သုံး တဲ့ ပို ကောင်း တဲ့ ဒီ ဇယ် အ မျိုး အ စား မြန် မာ ပြည် က တင် သွင်း ခွင့် မ ပြု ဘူး ။ သီး သန့် ပြန် ပြု ပြင် ပြီး မှ တင် သွင်း ရ တယ် ။

ဒီ တော့ ဒီ ဇယ် ဆီ တွေ ကို နိုင် ငံ ခြား က လွယ် လွယ် ဝယ် လို့ မ ရ ဘူး ။ ရောင်း မယ့် ကု မ္ပ ဏီ ကို မြန် မာ စံ နှုန်း သီး သန့် လုပ် ခိုင်း ရ တယ် ။

မြန် မာ ပြည် ကို ရောင်း တဲ့ ဆီ မြန် မာ ပြည် က မ ဝယ် ရင် ဘယ် မှာ မှ ပြန် ရောင်း လို့ မ ရ တော့ ဘူး ။ ဒါ ကြောင့် ရောင်း တဲ့ သူ က သူ ရောင်း ပြီး တာ နဲ့ ငွေ လို ချင် တယ် ။

မြန် မာ ပြည် က ဝယ် သူ က လည်း သူ့ ဆီ က မြန် မာ နိုင် ငံ က သတ် မှတ် တဲ့ အ ရည် အ သွေး မ ဟုတ် ရင် ဒီ ကို အ ဝင် မ ခံ ဘူး ။ ( တစ် ခါ အေ ဒင် ကု မ္ပ ဏီ ဖြစ် တာ သ တိ ပြု မိ ကြ မှာ ပေါ့ ) ဒီ တော့ ဆီ ကို ဒီ ရောက် ပြီး စစ် ဆေး ပြီး မှ ငွေ ချေ ချင် တယ် ။ ၂ ဖက် စ လုံး က မ ယုံ ကြ ဘူး ။ လူ ဟောင်း တွေ ပဲ လုပ် လို့ ရ တယ် ။ အဲ့ တော့ ဆီ ဈေး တွေ လည်း ထိန်း မ ရ ကြ ဘူး ။

မိတ် ဆွေ တစ် ယောက် သက် ဆိုင် ရာ ကို သွား မေး ဖူး တယ် ။ တစ် က မ္ဘာ လုံး မှာ သုံး လို့ ရ တဲ့ ဆီ ( ဥ ပ မာ flash point လို ဟာ မျိုး ) ဘာ လို့ မြန် မာ နိုင် ငံ မှာ လက် မ ခံ တာ လဲ ဆို တော့ သူ တို့ နိုင် ငံ တွေ က အေး တဲ့ နိုင် ငံ တွေ တဲ့ ရေ တောင် ခဲ တယ် တဲ့ ။ မြန် မာ နိုင် ငံ က ပူ တဲ့ နိုင် ငံ ဖြစ် လို့ မီး လောင် မှာ စိုး လို့ တ မင် နိမ့် ထား ရ တာ တဲ့ ။

ဒီ ဇယ် က မီး လောင် လို့ လား ။ နိုင် ငံ တ ကာ မှာ သုံး တဲ့ ဆီ မြန် မာ ပြည် မှာ သုံး လို့ ရောင်း လို့ ရ ရင် နိုင် ငံ ခြား သား က မြန် မာ နိုင် ငံ က မ ဝယ် လည်း တစ် ခြား နိုင် ငံ ကို ရောင်း လိုက် ရုံ ပေါ့ ။ ဒါ ဆို ကြိုက် တဲ့ နေ ရာ က ကြိုက် တဲ့ ဈေး နဲ့ ဝယ် လို့ ရ ပြီ ပေါ့ ။

ဒီ လို လုပ် ချင် တာ တွေ လုပ် ဖြစ် ချင် တာ တွေ ဖြစ် နေ တဲ့ မြန် မာ နိုင် ငံ ကို နိုင် ငံ ခြာ သား တွေ က လည်း မ ယုံ ကြည် ကြ ပါ ဘူး ။

Trust ဆို တဲ့ ခေါင်း စဉ် နဲ့ စာ တွေ အ များ ကြီး ရေး ခဲ့ ပြီး ပြီ ။ ကောင်း ဖို့ ဆို ရင် ကိုယ့် စီး ပွား ပါ မ ချန် အ မှန် အ တိုင်း ရေး ပြ ပြော ပြ ခဲ့ တယ် ။ မ သိ တဲ့ သူ တွေ က တော့ သိ သ လောက် နဲ့ အ ဟုတ် ထင် ပြီး ပြော နေ ကြ တာ ပါ ပဲ ။

ဆေး ဆိုင် မှာ အ ရက် ပျံ ရောင်း ချင် ရင် ယစ် မျိုး လိုင် စင် ယူ ရ မယ် တဲ့ ။ အ ရက် ပျံ ကို ရေ နဲ့ ရော သောက် ရင် အ ရက် လို မူး လို့ တဲ့ ။

ဝန် ကြီး ချုပ် က စည် ပင် သာ ယာ ကိုယ် စား လှယ် တွေ ကို မဲ ဆွယ် ပေး တယ် ။
ဗိုလ် ချုပ် အ မှတ် တ ရ အ သစ် တွေ လုပ် နေ တဲ့ အ ချိန် မှာ ဗိုလ် မှူး အ ဟောင်း က ဖျက် ချ ခံ ရ တယ် ။ ကြေး တိုက် လို့ တော့ မ ရ နိုင် ဘူး လေ ။

ပြည် ထဲ ရေး ကို မ ထိမ်း နိုင် ပါ ဘူး လို့ မန်း ဝန် ကြီး ချုပ် ပြော ပြီး တဲ့ နောက် နေ့ မှာ ပဲ တပ် မ တော် နေ့ မိန့် ခွန်း ထဲ က ဒု ကာ ချုပ် ပြော တဲ့ လူ ညီ ရင် ဤ ကို ကျွဲ ဆို တဲ့ ကိ စ္စ ဖော် ပြ တယ် ၊ ဖွဲ့ စည်း ပုံ ပြင် ဆင် ရေး နဲ့ ပတ် သက် ပြီး ပြော သွား တဲ့ အ ကြောင်း တွေ မြန် မာ့ အ လင်း နဲ့ ကြေး မှုံ မှာ ဖြုတ် ထား ခဲ့ တယ် ။

ပြော ရ ရင် ကုန် မှာ မ ဟုတ် ဘူး ။ အ မှန် တွေ ပြော ရင် ရွာ ပြင် ရောက် တယ် ဆို တာ သိ ပါ တယ် ။ မျှ မျှ တ တ တွေး ဖို့ နဲ့ တ ကယ် ဖြစ် နေ တာ တွေ ကို သိ စေ ချင် လို့ ပါ ။ ဒါ မှ အ မှန် ကို ဆုံး ဖြတ် နိုင် မှာ ။

တစ် ဖက် သတ် ပဲ မှန် ပါ တယ် လုပ် နေ ရင် ကြာ ရင် မြောက် ကို ရီး ယား က ခေါင်း ဆောင် ကြီး ကင် ဟာ ဂေါက် သီး စ ရိုက် တဲ့ နေ့ မှာ ပဲ ၁၈ ကျင်း က စား တာ ၁၃ ကျင်း တစ် ချက် တည်း နဲ့ ကျင်း ဝင် ( Hole in one ) ခဲ့ ပါ တယ် ဆို တဲ့ စာ မျိုး တွေ ဖတ် လာ ရ လိမ့် မယ် ။

ပြော ချင် တာ ကိုယ် ထင် တာ ကို အ မှန် ဆို ပြီး မျက် စိ မှိတ် ထောက် ခံ နေ ကြ လို့ မြန် မာ ပြည် အ ခု လို ဖြစ် နေ တာ ။ မ မှန် တာ တွေ ကို အ တင်း မှန် နေ လို့ တ ကယ် အ မှန် သိ တဲ့ သူ တွေ မ ယုံ ကြ သေး တာ ။ မြန် မာ နိုင် ငံ ရှေ့ မ ရောက် သေး တာ ။ ဟို ဖက် ဒီ ဖက် မျှ စဉ်း စား ပေး ဖို့ လို တယ် ။
နေ ရာ တိုင်း မှာ ယုံ ကြည် ရ ဖို့ လို တယ် ။ အ မှန် သိ ရ မှ လည်း ယုံ ကြ မှာ ။

အ များ စု က အ မှန် ထက် ခံ စား ချက် တွေ ပဲ ထုတ် ပြော ချင် နေ ကြ တယ် ။

ကိုယ့် တိုင် ကော ကိုယ့် အ သိုင်း အ ဝိုင်း ကို ကော ယုံ ကြည် မှု ပြန် ရ အောင် လုပ် ဖို့ လို ကြောင်း လေး ပြော ချင် တာ ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
——————————————


EPN










































Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။