Trending Now

မူလတန္​းျပဆရာမတစ္​ဦး တစ္​လင္​တစ္​မယားဥပ​ေဒျဖင္​့အမႈဖြင္​့ခံရၿပီး ထိန္​းသိမ္းခံရ

Spread the love

မူလတန္​းျပဆရာမတစ္​ဦး တစ္​လင္​တစ္​မယားဥပ​ေဒျဖင္​့အမႈဖြင္​့ခံရၿပီး ထိန္​းသိမ္းခံရ

EPN

ဟိုပင္​၊ မတ္​ ၂၃

ဟုိပင္​ၿမိဳ႕တြင္​ မတ္​(၁၉)ရက္​​ေန႔က မူလတန္​းျပဆရာမတစ္​ဦး တစ္​လင္​တစ္​မယားဥပ​ေဒျဖင္​့အမႈဖြင္​့ခံရၿပီး ထိန္​းသိမ္​းခံထားရ​ေၾကာင္​းဟိုပင္​နယ္​​ေျမရဲစခန္​းမွသိရသည္​။
ဟိုပင္​ၿမိဳ႕  ခလရ(၄၀)စာသင္​​ေက်ာင္​းတြင္​ မူလတန္​းျပဆရာမလုပ္​ကိုင္​​ေနသူ​မၿငိမ္​းၿငိမ္​း​ေအးသည္​ဦးသိန္​းထြန္​းႏွင္​့၂၀၁၅ခုႏွစ္​၌​ ၾကာႀကီးကြင္​း​ေက်း႐ြာအုပ္​ခ်ဳပ္​​ေရးမွဴး၊ ရပ္​မိရပ္​ဖ သက္​​ေသမ်ား​ႏွင္​့ ႏွစ္​ဖက္​မိဘမ်ား​ေရွ႕၌လက္​ထပ္​​ေပါင္​းသင္​းခဲ့ၿပီးက​ေလးတစ္​ဦး​ေမြးဖြားခဲ့​ေၾကာင္​း ရဲတပ္​ဖြဲ႕စစ္​​ေဆးခ်က္​မွတ္​တမ္​းအရသိရသည္​။

က​ေလး​ေမြးဖြားၿပီး(၃)လအၾကာတြင္​ ဦးသိန္​းထြန္​းသည္​ စားဝတ္​​ေန​ေရးအတြက္​ တႏိုင္​းတြင္​သြား​ေရာက္​အလုပ္​လုပ္​ကိုင္​ခဲ့​ေၾကာင္​းဇနီးျဖစ္​သူထံသို႔ ဖုန္​းျဖင္​့ဆက္​သြယ္​ျခင္​း ဇနီးအတြက္​​ ျမန္​မာ့စီးပြား​ေရးဘဏ္​(ဟိုပင္​)သို႔​ေငြက်ပ္​ႏွစ္​သိန္​းကို ၂၀၁၇ခုႏွစ္​ေမ(၁၆)ရက္​၌ တစ္​ႀကိမ္​၊ ၂၀၁၇ခုႏွစ္​​ေအာက္​တိုဘာ(၁၄)ရက္​​ေန႔တြင္​ပန္​းသဇင္​​ေရႊဆိုင္​သို႔ ​ေငြက်ပ္​ငါးသိန္​း၊ ၂၀၁၈ခုႏွစ္​၊ ဇူလိုင္​(၁၁)ရက္​​ေန႔တြင္​ ျမန္​မာ့စီးပြား​ေရးဘဏ္​(ဟိုပင္​)သို႔​ေငြက်ပ္​ႏွစ္​သိန္​း​ေပးပို႔​ေပးခဲ့​ေၾကာင္​း၊ ပထမဦးဆံုး​ေပးပို႔သည္​့​ေငြကိုသာထုတ္​ယူခဲ့ၿပီး က်န္​​ေငြမ်ားကိုထုတ္​ယူျခင္​းမရွိ​ေၾကာင္​း ယင္​း​ေန႔မွစ၍ ၎ထံဆက္​သြယ္​ျခင္​းလည္​းမျပဳ၊ ၎မွဆက္​သြယ္​​ေသာ္​လည္​းလံုးဝလက္​ခံျခင္​းမရွိ​ေၾကာင္​း ဇနီးျဖစ္​သူ၏မိခင္​​ေဒၚမနက္​မွလည္​းျငင္​းဆန္​ခဲ့သျဖင္​့ ၂၀၁၈ခုႏွစ္​၊ ဇန္​နဝါရီလတြင္​ ငါးမိုင္​​ေက်း႐ြာသို႔ျပန္​လာခဲ့​ေၾကာင္​းရဲတပ္​ဖြဲ႕၏စစ္​​ေဆးခ်က္​မွတ္​တမ္​းအရသိရသည္​။

ဦးသိန္​းထြန္​းသည္​ ျပန္​​ေရာက္​ၿပီး ဇနီးျဖစ္​သူ၏အ​ေၾကာင္​းကိုစံုစမ္​းရာ ပင္​း​ေဘာ၊ ပဲခူးစုတြင္​​ေနထိုင္​သူ ဦးဝင္​း​ေအာင္​(ခ)ဦး​ေလးဝင္​း၏သား ​ေအာင္​မ်ိဳး​ေထြးဆိုသူႏွင္​့ခ်စ္​ႀကိဳက္​​ေန​ၾကၿပီး၊ ၂၀၁၈ခုႏွစ္​၊ ဇန္​နဝါရီ(၂၀)ရက္​​ေန႔မွစ၍ ၎၏ဇနီးႏွင္​့​ေအာင္​မ်ိဳးထြန္​းသည္​ ​ေဒၚမနက္​​ေနအိမ္​တြင္​​ေပါင္​းသင္​း​ေနထိုင္​လ်ွက္​ရွိ​သည္​ကို၎ကိုယ္​တိုင္​​ေတြ႕ရွိ​ေၾကာင္​း မၿငိမ္​းၿငိမ္​း​ေအးမွာ၎၏တရားဝင္​ဇနီးျဖစ္​​ေၾကာင္​း ၂၀၁၈ခုႏွစ္​၊ ​ေမ(၁၇)ရက္​ထုတ္​ျမန္​မာ့အလင္​းသတင္​းစာတြင္​တရားဝင္​​ေၾကာ္​ျငာထား​ေၾကာင္​းႏွင္​့ ၎ႏွင္​့တရားဝင္​ကြာရွင္​ျပတ္​စဲ ျခင္​းမရွိ​ေသးဘဲတစ္​ျခားအမ်ိဳးသားတစ္​ဦးႏွင္​့ခ်စ္​ႀကိဳက္​​ေပါင္​းသင္​း​ေနထိုင္​ခဲ့​ေသာ​ေၾကာင္​း ဦးသိန္​းထြန္​းမွတရားလိုျပဳလုပ္​ကာဟိုပင္​နယ္​​ေျမရဲစခန္​းတြင္​အမႈဖြင္​့တိုင္​ၾကားခဲ့​ေၾကာင္​းသိရသည္​။
အဆိုပါျဖစ္​စဥ္​ႏွင္​့ပတ္​သက္​ၿပီး မၿငိမ္​းၿငိမ္​း​ေအး၊ အသက္​(၂၃)ႏွစ္​၊ (ဘ)ဦး​ေမာင္​ျမင္​့၊ မူလတန္​းျပဆရာမ၊ ငါးမိုင္​​ေက်း႐ြာ​ေနသူကို ဟိုပင္​နယ္​​ေျမရဲစခန္​းမွ (ပ)၈/၂၀၁၉၊ တစ္​လင္​တစ္​မယားဥပ​ေဒပုဒ္​မ-၁၃ျဖင္​့အမႈဖြင္​့ထားကာ မၿငိမ္​းၿငိမ္​း​ေအးကိုထိန္​းသိမ္​းထား​ေၾကာင္​းသိရသည္​။

ခ်စ္​သား
———————————–

မူလတန်းပြဆရာမတစ်ဦး တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ခံရပြီး ထိန်းသိမ်းခံရ

EPN

ဟိုပင်၊ မတ် ၂၃

ဟိုပင်မြို့တွင် မတ်(၁၉)ရက်နေ့က မူလတန်းပြဆရာမတစ်ဦး တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ခံရပြီး ထိန်းသိမ်းခံထားရကြောင်းဟိုပင်နယ်မြေရဲစခန်းမှသိရသည်။
ဟိုပင်မြို့  ခလရ(၄၀)စာသင်ကျောင်းတွင် မူလတန်းပြဆရာမလုပ်ကိုင်နေသူမငြိမ်းငြိမ်းအေးသည်ဦးသိန်းထွန်းနှင့်၂၀၁၅ခုနှစ်၌ ကြာကြီးကွင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ သက်သေများနှင့် နှစ်ဖက်မိဘများရှေ့၌လက်ထပ်ပေါင်းသင်းခဲ့ပြီးကလေးတစ်ဦးမွေးဖွားခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်းအရသိရသည်။

ကလေးမွေးဖွားပြီး(၃)လအကြာတွင် ဦးသိန်းထွန်းသည် စားဝတ်နေရေးအတွက် တနိုင်းတွင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြောင်းဇနီးဖြစ်သူထံသို့ ဖုန်းဖြင့်ဆက်သွယ်ခြင်း ဇနီးအတွက် မြန်မာ့စီးပွားရေးဘဏ်(ဟိုပင်)သို့ငွေကျပ်နှစ်သိန်းကို ၂၀၁၇ခုနှစ်မေ(၁၆)ရက်၌ တစ်ကြိမ်၊ ၂၀၁၇ခုနှစ်အောက်တိုဘာ(၁၄)ရက်နေ့တွင်ပန်းသဇင်ရွှေဆိုင်သို့ ငွေကျပ်ငါးသိန်း၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်(၁၁)ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်(ဟိုပင်)သို့ငွေကျပ်နှစ်သိန်းပေးပို့ပေးခဲ့ကြောင်း၊ ပထမဦးဆုံးပေးပို့သည့်ငွေကိုသာထုတ်ယူခဲ့ပြီး ကျန်ငွေများကိုထုတ်ယူခြင်းမရှိကြောင်း ယင်းနေ့မှစ၍ ၎င်းထံဆက်သွယ်ခြင်းလည်းမပြု၊ ၎င်းမှဆက်သွယ်သော်လည်းလုံးဝလက်ခံခြင်းမရှိကြောင်း ဇနီးဖြစ်သူ၏မိခင်ဒေါ်မနက်မှလည်းငြင်းဆန်ခဲ့သဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင် ငါးမိုင်ကျေးရွာသို့ပြန်လာခဲ့ကြောင်းရဲတပ်ဖွဲ့၏စစ်ဆေးချက်မှတ်တမ်းအရသိရသည်။

ဦးသိန်းထွန်းသည် ပြန်ရောက်ပြီး ဇနီးဖြစ်သူ၏အကြောင်းကိုစုံစမ်းရာ ပင်းဘော၊ ပဲခူးစုတွင်နေထိုင်သူ ဦးဝင်းအောင်(ခ)ဦးလေးဝင်း၏သား အောင်မျိုးထွေးဆိုသူနှင့်ချစ်ကြိုက်နေကြပြီး၊ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ(၂၀)ရက်နေ့မှစ၍ ၎င်း၏ဇနီးနှင့်အောင်မျိုးထွန်းသည် ဒေါ်မနက်နေအိမ်တွင်ပေါင်းသင်းနေထိုင်လျှက်ရှိသည်ကို၎င်းကိုယ်တိုင်တွေ့ရှိကြောင်း မငြိမ်းငြိမ်းအေးမှာ၎င်း၏တရားဝင်ဇနီးဖြစ်ကြောင်း ၂၀၁၈ခုနှစ်၊ မေ(၁၇)ရက်ထုတ်မြန်မာ့အလင်းသတင်းစာတွင်တရားဝင်ကြော်ငြာထားကြောင်းနှင့် ၎င်းနှင့်တရားဝင်ကွာရှင်ပြတ်စဲ ခြင်းမရှိသေးဘဲတစ်ခြားအမျိုးသားတစ်ဦးနှင့်ချစ်ကြိုက်ပေါင်းသင်းနေထိုင်ခဲ့သောကြောင်း ဦးသိန်းထွန်းမှတရားလိုပြုလုပ်ကာဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မငြိမ်းငြိမ်းအေး၊ အသက်(၂၃)နှစ်၊ (ဘ)ဦးမောင်မြင့်၊ မူလတန်းပြဆရာမ၊ ငါးမိုင်ကျေးရွာနေသူကို ဟိုပင်နယ်မြေရဲစခန်းမှ (ပ)၈/၂၀၁၉၊ တစ်လင်တစ်မယားဥပဒေပုဒ်မ-၁၃ဖြင့်အမှုဖွင့်ထားကာ မငြိမ်းငြိမ်းအေးကိုထိန်းသိမ်းထားကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။