Trending Now

မြစ်ကြီးနားသို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားသို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ၂၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မြစ်ကြီးနားသို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ဘိန်းစိမ်းများ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား မူးယစ်သတင်းအရ စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မခင်စိန်မြင့်နှင့် မစန်းစန်း၀င်းတို့ထံမှ ဘိန်းစိမ်းအလေးချိန် ၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မခင်စိန်မြင့် (၅၈)နှစ်နှင့် မစန်းစန်း၀င်း (၅၀)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။