Trending Now

ဆဒုံးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို KIA မှ ချောင်းမြောင်းပစ်ခတ်

Spread the love

ဆဒုံးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို KIA မှ ချောင်းမြောင်းပစ်ခတ်

EPN
ဝိုင်းမော်၊ နိုဝင်ဘာ ၄ (၂၀၂၃)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ပေါ် ၌ နိုဝင်ဘာ ၃ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို KIA လက်နက်ကိုင် အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့ပေါ် ရှိ အစိုးရရုံးများနှင့် ပြည်သူများ လုံခြုံရေးအတွက် မြို့အတွင်း လှည့်ကင်းဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များကို KIA လက်နက်ကိုင် အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဆဒုံးမြို့နေသူ ဒေသခံတစ်ဦးက ပြောသည်။

“နိုဝင်ဘာ ၃ ရက်နေ့ ည ၇ နာရီကျော်လောက်မှာ ဟုတ်တယ်၊ ရဲတပ်ဝင် ငါးဦး လောက် ရှိမယ် ထင်တယ် မြို့ပေါ် အစိုးရရုံးတွေ၊ ဈေးတွေ၊ ရပ်ကွက်ထဲတွေကို လှည့်ကင်း ဆောင်ရွက် ပေးနေတာ ရှိတယ်။ အဲဒီလို့ အင်းအား နည်းနည်းနဲ့ လှည့်ကင်း လုပ်ပေးတဲ့ ရဲတွေကို ချောင်းမြောင်ပစ်ပြေးတာ၊ အပြန်အလှန် ပစ်ခတ်ကြတဲ့ အနေအထားလောက် ဖြစ်သွားတယ်။” ဟု ၎င်းက ဆိုပြသည်။

ဆဒုံးမြို့အတွင်း နယ်မြေလုံခြုံရေး အတွက် လှည့်ကင်းဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များကို KIA လက်နက်ကိုင် အဖွဲ့မှ ချောင်းပစ်ခတ် ၍ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် ဒေသသည် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်သည့် လမ်းပိုင်း တစ်ခုဖြစ်ပြီး ယင်း နယ်စပ် ကုန်သွယ်မှု လမ်းပိုင်းတွင် KIA လက်နက်ကိုင် အဖွဲ့မှ လူသစ်စုဆောင်းခြင်း၊ အ‌ခွန်ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။