Trending Now

F-35 ဂျက်တိုက်လေယာဉ်ရဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေထဲမှာ တရုတ်ထုတ်အစိတ်အပိုင်းတစ်ခုပါဝင် ကြောင်း တွေ့ရှိပြီးနောက် F-35 ဂျက်တိုက်လေယာဉ်တွေလက်ခံမှုကို အမေရိကန်အစိုးရ ယာယီရပ်ဆိုင်းထား

Spread the love

F-35 ဂျက်တိုက်လေယာဉ်ရဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေထဲမှာ တရုတ်ထုတ်အစိတ်အပိုင်းတစ်ခုပါဝင် ကြောင်း တွေ့ရှိပြီးနောက် F-35 ဂျက်တိုက်လေယာဉ်တွေလက်ခံမှုကို အမေရိကန်အစိုးရ ယာယီရပ်ဆိုင်းထား

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

လော့ဟိမာတင်ကုမ္ပဏီက ပေးပိုနေတဲ့ F-35 ဂျက်တိုက်လေယာဉ်တွေရဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေမှာ တ ရုတ်နိုင်ငံထုတ် အစိတ်အပိုင်းတစ်ခုပါဝင်ကြောင်း စိစစ်တွေ့ရှိပြီးတဲ့နောက် အမေရိကန်အစိုးရက F-35 ဂျက် တိုက်လေယာဉ်တွေ လက်ခံနေတာကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

F-35 ဂျက်တိုက်လေယာဉ်ထဲက စက်အစိတ်အပိုင်းတစ်ခုမှာ တရုတ်နိုင်ငံကထုတ်တဲ့ လေယာဉ်မှာပါတဲ့ ပန့်သံ လိုက်တုံးတွေမှာအသုံးပြုထားတဲ့သတ္တုစပ်အမျိုးအစားတစ်မျိုးဖြစ်ကြောင်း F-35 ဂျက်တိုက်လေယာဉ်စီမံကိန်း ရုံးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုပါသတ္တုစပ်ဟာ F-35 ဂျက်တိုက်လေယာဉ်အတွက် ဘေးကင်းလုံခြုံမှုနဲ့ လုံခြုံရေးအတွက် တစ်စုံတစ်ရာ ထိခိုက်မှုမဖြစ်စေနိုင်ပေမဲ့လည်း အခုလိုတရုတ်ပစ္စည်းအစိတ်အပိုင်းကို အမေရိကန်ဂျက်တိုက်လေယာဉ်မှာ ထည့်သွင်းထားတာဟာ စစ်လက်နက်ပစ္စည်းဝယ်ယူရေးစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်နိုင်တယ်လို ဆို ပါတယ်။

တရုတ်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနယ်ပယ်မှာ အမေရိကန်နိုင်ငံနဲ့ ပြိုင်ဘက်အဖြစ် လူသိများ ပါတယ်။

တရုတ်ထုတ်စက်ပစ္စည်းအစိတ်အပိုင်းတွေကို အသုံးပြုခြင်းအားဖြင့် အမေရိကန်လေယာဉ်အနေနဲ့ ဆိုင်ဘာ တိုက်ခိုက်မှုခံရနိုင်ခြင်း ဒါမှမဟုတ် တခြားအမှားအယွင်းတစ်ခုခုဖြစ်နိုင်ခြင်း အန္တရာယ်ရှိတာကို ထုတ်ဖော်ပြ သတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဟာ တောက်လျှောက် သတိကြီးကြီးထားခဲ့ပါတယ်။

တကယ်လို ဒီစက်ပစ္စည်းအစိတ်အပိုင်းထည့်သွင်းထားတာဟာ စစ်လက်နက်ပစ္စည်းဝယ်ယူရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုရင် F-35 ဂျက်တိုက်လေယာဉ်တွေ ပြန်လည်လက်ခံရယူရေးကို စွန့်လွှတ်ခွင့်ရရှိဖို တရား ဝင် တောင်းဆိုရမှာဖြစ်ပါတယ်။

အခု တွေ့ရှိခဲ့တဲ့ ပြဿနာဟာ F-35 ဂျက်တိုက်လေယာဉ်တွေမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း လော့ဟိမာတင် ကုမ္ပဏီက ပြောခွင့်ရပုဂ္ဂိုလ် လော်ရာဆီးဘတ်တ်က ပြောပါတယ်။

အဲဒီသံလိုက်တုံးဟာ တရုတ်နိုင်ငံက ကိုဗော့သတ္တုနဲ့ ဆမဲရီယမ် (ငွေနဲ့ သတ္တုဖြူစပ်) ရောထားတဲ့သတ္တုစပ်ဖြစ် ကြောင်း ချောဆီပန့်တင်သွင်းတဲ့ကုမ္ပဏီက လေယာဉ်တာဘိုအင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီကို အသိပေး အ ကြောင်းကြားခဲ့တယ်လို ၎င်းက ပြောပါတယ်။

လတ်တလော F-35 ဂျက်တိုက်လေယာဉ်တွေလက်ခံရေး ယာယီရပ်ဆိုင်းထားလိုက်တာဟာ အဆိုပါကိစ္စကို စုံ စမ်းစစ်ဆေးဖိုနဲ့ ဆန်းစစ်အကဲဖြတ်ဖိုအတွက် အချိန်ပိုမိုရရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ လတ်တလောပြဿနာကြောင့် အမေရိကန်နဲ့ တခြားမိတ်ဖက်နိုင်ငံတွေကိုတင်ပိုထားတဲ့ F-35 ဂျက် တိုက်လေယာဉ်တွေ လည်ပတ်မောင်းနှင်ရေးအတွက် ဘာမှအနှောင့်အယှက်ဖြစ်မှာ မဟုတ်ကြောင်း လော့ဟိ မာတင်ကုမ္ပဏီက ပြောပါတယ်။

လော့ဟိမာတင်ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာဈေးကွက်ထဲကို F-35 ဂျက်တိုက်လေယာဉ် ၈၈ စင်း ရောင်းချထားပြီးပြီဖြစ်ပြီး ဒီနှစ်မကုန်ခင် နောက်ထပ် အစင်း ၇၀ ရောင်းချဖို ရည်ရွယ်ထားပါတယ်။

Ref: US Suspends F-35 Deliveries After Finding Chinese Component

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။