Trending Now

သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူး ကလေးငယ်များနှင့် ဆရာ/ ဆရာမများအား မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ အလှူငွေနှင့် အာဟာရ ကျွေးမွေး

Spread the love

သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူး ကလေးငယ်များနှင့် ဆရာ/ ဆရာမများအား မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ အလှူငွေနှင့် အာဟာရ ကျွေးမွေး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂ (၂၀၂၄)

မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင် ကျောင်းတိုက်တွင် မြစ်ကြီးနားဆက်ဆံရေးရုံးတာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ ဓမ္မစကူးကလေးငယ် ၃၅၀ဦးနှင့် ဆရာ/ ဆရာမများအား အလှူ‌ငွေနှင့် အာဟာရဒါန ဆန်ပြုတ်လှူဒါန်းမှုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်တွင် ဓမ္မစကူးတက်ရောက်သင်ကြားနေသည့် ကလေးငယ်များကို အာဟာရဒါန ဆန်ပြုတ်များ တိုက်ကျွေးခဲ့ပြီး၊ မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော်မှ ကလေးသူငယ်များကို ဆုံးမဩဝါဒများ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဓမ္မစကူးကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာ/ ဆရာမ (၂၅)ဦးအား မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးမောင်ကျော်မှ တစ်ဦးလျင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း (၇၅၀၀၀၀)ကျပ်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် တြိရတနာ ချမ်းသာကြီးကျောင်းတိုက်သို့ ဆက်လက်သွားရောက်ကာ တရားစခန်းဝင်ရောက်နေသော ယော်ဂီများကို တစ်ဦးလျင် ကျပ် (၂)သောင်းနှုန်းဖြင့် ယောဂီ ၇၅ဦးအတွက် စုစုပေါင်း ငွေကျပ် ( ၁၅)သိန်း၊ တြိရတနာ ချမ်းသာကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် စာသင်ဆရာတော်တို့အတွက် တစ်ပါးလျင် ငွေကျပ် (၅) သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်လည်း သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူး တက်ရောက်သင်ကြားနေသည့် ကလေးငယ်များနှင့် ဆရာ/ ဆရာမများကို အာဟာရဒါန ကချင်ဒံပေါက်ဖြင့် ထပ်မံ၍ လှူဒါန်းကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။