နန်းယွန်းမြို့တွင် MPT ဖုန်းလိုင်း ပြတ်တောက်မှု တစ်ပတ်ကျော်ထိ ရှိနေ
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၉ (၂၀၂၄)
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်မှုမှာ တစ်ပတ်ကျော်အထိ ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် MPT ဖုန်းလိုင်း ဆက်သွယ်မှု ရရှိသေးသော်လည်း ဇန်နဝါရီလ အစောပိုင်းမှ စတင်ပြီး ဖုန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း နန်းယွန်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
” ဒီလ အစောပိုင်းကတည်းက ဖုန်းဆက်လို့မရတော့ဘူး။ ဒီဇင်ဘာလကုန်ခါနီးထိ အိမ်ကမိဘတွေကို ဖုန်းဆက်လို့ရသေးတယ်။ အခုက ဘယ်သူ့ကိုမှ ဆက်လို့မရတော့ဘူး။ အိမ်ကလူတွေ ဘယ်လိုနေကြလည်း မသိရတော့ဘူး ” ဟု ၎င်းကဆိုသည်။
နန်းယွန်းမြို့တွင် MPT ဖုန်းလိုင်းတစ်ခုတည်းကိုသာ မှီခိုအသုံးပြုနေရပြီး၊ အင်တာနက် ဖြတ်တောက်ထားသည်မှာလည်း နှစ်နှစ်နီးပါးအထိရှိကာ ဖုန်းဆက်သွယ်မှုလိုင်းမှာလည်း မကြာခဏ ပြတ်တောက်နေကြောင်း သိရသည်။
သံလွင်