Trending Now

မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်အတွင်း ယနေ့ နေ့လည်ပိုင်းက သိန်း ၃၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၂၀ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ၁ နာရီ အချိန်ခန့်တွင် မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်နေ အောင်ကိုကို နှင့် မဇင်မာခိုင်(ခ)အိငယ် တို့၏ နေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၂၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၄.၄ သိန်း)နှင့် မြန်မာငွေကျပ် ၃.၇ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်ကိုကို(၃၇)နှစ် နှင့် မဇင်မာခိုင်(ခ)အိငယ်(၃၆)နှစ်တို့အား မိုးကောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။