Trending Now

ဖျာပုံမြို့နယ်မှာ လူသတ် လုယက် သက်ငယ် မုဒိန်းကျင့်သူတွေကို တရားရုံးက သေဒဏ်စီရင်

Spread the love

ဖျာပုံမြို့နယ်မှာ လူသတ် လုယက် သက်ငယ် မုဒိန်းကျင့်သူတွေကို တရားရုံးက သေဒဏ်စီရင်

EPN
ဖျာပုံ ၊ ဇွန် ၃၀

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ လူသတ် လုယက် သက်ငယ်မုဒိန်းကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို မနေ့ ဇွန် ၂၉ ရက်က ဖျာပုံခရိုင်တရားရုံးကနေ သေဒဏ်အမိန့် စီရင်ချမှတ်ခဲ့တယ်လို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” တရားခံ ကျော်ကျော်ပါ ၃ ဦးကို သေဒဏ်စီရင်ချက် အမိန့်ချမှတ်ခဲ့တာပါ ” လို့ တရားရေးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ တရားရုံးက သေဒဏ်စီရင်ချက် ချမှတ်ခံရသူ တရားခံ ၃ ဦးဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇန္နဝါရီက ဖျာပုံမြို့နယ် ၊ ယကမကလူ ကျေးရွာအုပ်စု မင်းလှစုရွာနဲ့ဟေမာန်ရွာအကြား လယ်ကွင်းမှာရှိတဲ့ နေအိမ်တခုက အိမ်ပိုင်ရှင် အဘိုးဖြစ်သူကို ရိုက်သတ်ကာ ရွှေ ၁ ပိဿာ ၃၀ ကျပ်သားယူဆောင်ခဲ့ပြီး မြေးဖြစ်သူ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ တရားရုံးရဲ့ စစ်ဆေးကြားနာ ပေါ်ပေါက်ချက်တွေအရ အခုလို သေဒဏ်အမိန့် ချခဲ့တာလို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။