Trending Now

မြောက်ကိုရီးယားက ရုရှားကို လက်နက် ကွန်တိန်နာ ၂,၀၀၀ ထောက်ပံ့ခဲ့တယ်လို့ တောင်ကိုရီးယားဆို

Spread the love

မြောက်ကိုရီးယားက ရုရှားကို လက်နက် ကွန်တိန်နာ ၂,၀၀၀ ထောက်ပံ့ခဲ့တယ်လို့ တောင်ကိုရီးယားဆို

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃

တာတိုပစ်ဒုံးကျည်တွေအပါအဝင် ဒုံးကျည်ကွန်တိန်နာ ၂,၀၀၀ ခန့်ကို မြောက်ကိုရီယားက ရုရှားကို ထောက်ပံ့ပေးခဲ့ဖွယ်ရှိတယ်လို့ တောင်ကိုရီယားစစ်တပ်က နိုဝင်ဘာ ၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ကတည်းက ရုရှားကို လက်နက်ထောက်ပံ့ပေးနေတဲ့ အရိပ်အယောင်ရှိနေပြီး ရေလမ်းကြောင်းကတစ်ဆင့် ရုရှားကို တင်ပို့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။

ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ စတင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ အရှေ့မြောက်ဆိပ်ကမ်း Rajin ကနေ ရုရှားအရှေ့ဖျားမှာရှိတဲ့ ဆိပ်ကမ်းတစ်ခုကို ကွန်တိန်နာ ၂၀၀၀ ခန့် တင်ပို့ထားတယ်လို့ ဆိုပါတယ်။

အဆိုပါတင်ပို့မှုဟာ ၁၂၂ မီလီမီတာ အမြောက်ကျည် ၂၀၀,၀၀၀ ကျော် ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့ ရုရှားနှစ်နိုင်ငံစလုံးက အသုံးပြုတဲ့ ၁၅၂ မီလီမီတာ အမြောက်တစ်သန်းကျော်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝေဟင်မြေပြင်ပြစ်ဒုံးကျည်တွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေအပြင် တာတိုပစ်ဒုံးကျည်တွေကိုလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသားချိုးဖောက်နေပြီး ကမ္ဘာနဲ့ ကိုရီယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့အတွက် ရပ်တန့်သင့်တယ်လို့ တောင်ကိုရီယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

Ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။