Trending Now

တရုတ်-မြန်မာ နိုင်ငံတကာ ရထားစတင်ပြေးဆွဲ

Spread the love

တရုတ်-မြန်မာ နိုင်ငံတကာ ရထားစတင်ပြေးဆွဲ

EPN
မြစ်ကြီးနား၊ မေ ၂၃

တရုတ်-မြန်မာလမ်းကြောင်းသစ်သစ်တစ်ခုဖြစ်သည့် ချုံချင့်-လင်ချန်း-မြန်မာ နိုင်ငံတကာရထားလမ်းကို အသုံးပြု၍ ရထားတွဲသည် မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ မှ စတင်ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း တရုတ်သံရုံးက သိရသည်။

အဆိုပါ တရုတ်နိုင်ငံမှ စတင်ထွက်ခွာလာသည့် ရထားတွဲများတွင် စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ နှင့် စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ကို တင်ဆောင်လာခဲ့ကြောင်း သိရသည်။

ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့်ပြည်ထွက်၍ ကားလမ်းနှင့်ရထားလမ်းများ ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ခန့်မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀ ရာခိုင်နှုန်းခန့်ကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။