Trending Now

တနိုင်းမြို့တွင် အမျိုးသမီးနှစ်ဦးထံမှ ကျပ်ငွေသိန်း လေးရာနီးပါးတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

Spread the love

တနိုင်းမြို့တွင် အမျိုးသမီးနှစ်ဦးထံမှ ကျပ်ငွေသိန်း လေးရာနီးပါးတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးထံမှ ကျပ်ငွေ သိန်း‌ လေးရာ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း တနိုင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန်းသန်းဌေး၏ နေအိမ်အား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ ဒေါ်အားနာ အားတွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းမှ ဘိန်းဖြူအလေးချိန် ၁.၅၇၅ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၉၃.၇၅ သိန်း) နှင့် မြန်မာကျပ်‌ငွေ၂ သိန်းတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဒေါ်သန်းသန်းဌေး (ခ)မမီး၊ (၄၁)နှစ် နှင့် ဒေါ်အားနာ၊ (၄၅)နှစ်တို့အား တနိုင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။