Trending Now

တိုက်ပွဲရှောင်လာကြသည့်သောင်းကော့ကျေးရွာဘက်မှ ဒေသခံပြည်သူအများစု နေရပ်ပြန်

Spread the love

တိုက်ပွဲရှောင်လာကြသည့်သောင်းကော့ကျေးရွာဘက်မှ ဒေသခံပြည်သူအများစု နေရပ်ပြန်

EPN
မြစ်ကြီးနား နိုဝင်ဘာလ ၂၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့်ဘေးလွတ်ရာ သို့ထွက်ပြေးလာကြသည့် သောင်းကော့ကျေးရွာအနီးတစ်ဝိုက်မှ ဒေသခံပြည်သူ အများစု နေရပ်ပြန်နေထိုင်နေကြပြီး တိုက်ပွဲရှောင်စခန်းများတွင် လူဦးရေ (၁၀၀)ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မှစတင်ကာ ကရင်ချောင်၊ မိုးကာ၊ ကောင်စံ၊ ပင်လောင်နှင့် သောင်းကော့ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ဖားကန့်မြို့တွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် တိုက်ပွဲငြိမ်သက်သွားသည့်အတွက်ကြောင့် နေရပ်သို့ ပြန်လည်နေထိုင်သူများရှိလာကြောင်း တိုက်ပွဲရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပြီး ကျေးရွာဘက်တွေလက်နက်ကြီးကျတော့ သူတို့က ဒီ ဆိုင်းတောင်ဖားကန့်ဘက်ကို ထွက်ပြေးလာကြတာ၊ အခုက တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာ အနီးမှာ တိုက်ပွဲအေးသွားပြီးကြတော့ ပြန်ကြတာ၊ ဒီမှာနေရင် သူတို့ အတွက်လဲ စာဝတ်နေရေးမှာလဲခက်ခဲ့တယ်၊ နေရပ်မှာဆိုတော့ သူတို့ စားဝတ်နေရေးမပူရဘူးပေါ့၊ ၂၇ရက်နေ့ လောက်ကပြန်နေကြတာ၊ အခုက (၁၀၀)လောက်ပဲ ယာယီတိုက်ပွဲရှောင်စခန်းမှာကျန်တော့တာ၊ ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကျန်ရှိနေသည့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့်တိုက်ပွဲရှောင်ပြည်သူ(၁၀၀)ခန့်ကို ဖားကန့်မြို့ပေါ် ၊ဆိုင်းတောင်ကျေးရွာ၊နှင့် ဘုန်းကြီးကျောင်းနေရာများတွင် နေရာချထားပေးထားကြောင်းသိရသည်။

အဆိုပါ ကျန်ရှိနေသည့် လူဦးရေ (၁၀၀)ခန့်မှာလည်း နေရပ်ပြန်နိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၃)ရက်နေ့ကလည်းတပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် သောင်းကော့ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဒေသခံ(၉)ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် (၃)လုံးခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။