Trending Now

မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ( မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

Spread the love

မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ( မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၆ (၂၀၂၃)

မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၅ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသင်္ဘောများ မှတ်ပုံတင်ဥပဒေအသစ် မပြဋ္ဌာန်းနိုင်မီ မြန်မာနိုင်ငံအနေဖြင့် လက်ရှိကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်အရ လည်းကောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)များကို အားပေးသည့် မူဝါဒများအရ လည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော မူဝါဒများနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံသင်္ဘောများမှတ်ပုံတင်ခြင်း အက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်း အက်ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်ရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ်ညှိနှိုင်းလျက် ပြဋ္ဌာန်းနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။