Trending Now

လေကြောင်းခရီးစဉ်လိုက်ပါလိုသူများအနေဖြင့် ကိုဗစ်ရှိမရှိ စစ်ဆေးပြီးမှသာ လိုက်ပါခွင့်ပြုတော့မည်

Spread the love

လေကြောင်းခရီးစဉ်လိုက်ပါလိုသူများအနေဖြင့် ကိုဗစ်ရှိမရှိ စစ်ဆေးပြီးမှသာ လိုက်ပါခွင့်ပြုတော့မည်
EPN
မြစ်ကြီးနား၊ဖေဖော်ဝါရီလ ၁၅
မြစ်ကြီးနားမှ လေကြောင်းလိုင်းဖြင့် ခရီးသွားမည့် ပြည်သူများအား ယနေ့မှ စတင်ကာ ကိုဗစ်ရောဂါရှိမရှိ(Rapid Response Team-RPT)စစ်ဆေးပြီးမှသာ ခရီးသွားလာခွင့်ပြုတော့မှာဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယခင်က ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသူများအနေဖြင့် ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးစရာမလိုပဲ ခရီးသွားလာခွင့်ရှိသော်လည်း ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်) မှစတင်ကာ မဖြစ်မနေ ကိုဗစ်စစ်ဆေးမှု(Rapid Response Team-RPT) စစ်ဆေးခြင်းကို ပြုလုပ်ပြီး ရောဂါကင်းရှင်းမှသာ ခရီးလိုက်ပါခွင့်ပြုသွားမှဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” (၁၃)ရက်နေက မြစ်ကြီးနားလေဆိပ်ကို ထုတ်ပြန်ချက်ရောက်တယ်၊ အရင်က ကျန်းမာရေးက အသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး နှစ်ပတ်အကြာ(၁၄ရက်) ပြည့်ရင် စီးလိုရပြီး ဒါပေမဲ့ အခုက ကိုဗစ်မျိုးကွဲ အိုမီအရွန် ဗိုင်းရက်စ်တွေလဲ ပြည်တွင်းကူးစပ်မှုတွေရှိလာတာကြောင့် မဖြစ်မနေ ရောဂါစစ်ဆေးပြီးမှသာ ခရီးလိုက်ပါခွင့်ပြုသွားမှာဖြစ်တယ်၊”ဟု ၎င်းကပြောသည်။
လေယာဉ်စီး လက်မှတ်ကြိုတင်ဝယ်ယူထား သူများအနေဖြင့် ရောဂါစစ်ဆေးချိန်တွင် ကိုဗစ်ပိုးတွေ့ရှိပါက လက်မှတ်ခ ပြန်လည်ပေးဆောင်သွားမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” လေကြောင်းလိုင်းအသုံးပြုတဲ့ခရီးသည့်တွေက အခုနှစ်ပိုင်း အတော်များလာတာကိုတွေ့ရတယ်၊ အဲ့တော့လက်မှတ်တွေကြိုဝယ်ရတယ်၊ အဲ့လိုလက်မှတ်ကြိုဝယ်လို့ ကွင်းချိန်းရောက်တဲ့ရက်မှ (RPT)စစ်ဆေးပြီး ရောဂါတွေ့ခဲ့ရင်၊ ကွင်းချိန်းမဝင်ခင်ကြိုပြီးအသိပေးရမယ်၊အဲ့ဒါဆိုရင် လက်မှတ်ခတွေ ရာနှုန်းပြည်ပေးတယ်၊ တကယ်လို့ ကွင်းချိန်းကျော်သွားမှ လာပြောရင်တော့၊ သက်မှတ်ထားတဲ့ ရာခိုင်းနှုန်းအတိုင်းပဲ ပြန်လည်ပေးဆောင်သွားမှာဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ လိုက်ပါစီးနှင်းမည့်ခရီးသည်များအနေဖြင့် (၂၀၂၁)ခုနှစ် နိုင်ဝင်ဘာလ (၂၀)ယနေ့မှစတင်က နေစဉ် ကိုဗစ်နိုင်တင်း ရောဂါရှိမရှိ (Rapid Response Team-RPT) အခမဲ့ စစ်ဆေးပေးနေကြောင်းသိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။