Trending Now

မိုးညႇင္းၿမိဳ႕တြင္ Wear Helmets Ride Safaly ပညာေပးကမ္ပိန္း (၇)ရက္ၾကာျပဳလုပ္မည္

Spread the love

မိုးညႇင္းၿမိဳ႕တြင္ Wear Helmets Ride Safaly ပညာေပးကမ္ပိန္း (၇)ရက္ၾကာျပဳလုပ္မည္

EPN
မိုးညႇင္း၊ ေမ ၈

မိုးညႇင္းၿမိဳ႕တြင္ Wear Helmets Ride Safaly ပညာေပးကမ္ပိန္း (၇)ရက္ၾကာျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ကုန္းလမ္းပို႕ေဆာင္ေရးညႊန္ၾကားေရးဦးစီးဌာနမွ သိရသည္။

မိုးညႇင္းခ႐ိုင္ ကုန္းလမ္းပို႕ေဆာင္ညႊန္ၾကားေရးဦးစီးဌာနမွ ဦးစီးလွ်က္ ယေန႕(ေမ ၈)ရက္ေန႕ နံနက္ပိုင္းက စတင္ၿပီး မိုးညႇင္းၿမိဳ႕၊ ၿမိဳ႕မေစ်းထိပ္ သဘာ၀ဓါတ္ပံုဆိုင္အေရွ႕တြင္ Wear Helmets Ride Safaly ပညာေပး ကမ္ပိန္း အစီအစဥ္တစ္ခုကို ျပဳလုပ္ခဲ့ရာ (Wear Safe Helmet-Save Live) အသက္အႏၲရာယ္ ကယ္ဆယ္ဘို႔ အရည္အေသြးျပည့္မီွသည့္ ဆုိင္ကယ္ဦးထုပ္ေဆာင္းၾကစို႔ ၊ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းပါ၊ အရိွန္ျပင္းျပင္းမေမာင္းရ၊ (၂)ဦးထက္ပို မစီးရ စေသာ စတစ္ကာ လက္ကမ္းစာေစာင္မ်ား ေဝငွျခင္း၊ ဆိုင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ စတစ္ကာကပ္ျခင္းႏွင့္ ပညာေပး ပန္းဖလက္မ်ား ေ၀ငွျခင္းတို႕ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

“ဒီကမ္ပိန္းကို ျပဳလုပ္ရတဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ ယာဥ္အႏၲရာယ္ လမ္းအႏၲရာယ္ကင္းရွင္းေရး အတြက္ လုပ္ေဆာင္ရျခင္းျဖစ္ပါတယ္။ အရည္အေသြးမီွတဲ့ ဆိုင္ကယ္ဦးထုပ္ေတြ ေဆာင္းၾကဘို႔ ကိုလည္း အသိပညာေပးျခင္းျဖစ္သလို ဆိုင္ကယ္ဦးထုပ္မေဆာင္းဘဲ စီးနင္းပါက အသက္ေသဆံုးတဲ့အထိ အႏၲရာယ္ရိွတဲ့အေၾကာင္းနဲ႔ ဆိုင္ကယ္ေမာင္းသူႏွင့္ ေနာက္ထိုင္လိုက္သူမ်ား ဦးထုပ္ေဆာင္းၾကပါ။ အရိွန္ျပင္းျပင္းမေမာင္းၾကဘို႔၊ ဆိုင္ကယ္စီးမယ္ဆို(၂)ဦးထက္ပိုမစီးရဆိုတဲ့ ယာဥ္အႏၲရာယ္ကင္းရွင္းေရးလမ္းအႏၲရာယ္ကင္းရွင္းေရး စည္းကမ္းမ်ားကို လိုက္နာၾကေစရန္ ရည္ရြယ္လုပ္ေဆာင္ရတာျဖစ္ပါတယ္”ဟု အဆိုပါ ကမ္ပိန္းကိုဦးေဆာင္ ျပဳလုပ္ေသာ မိုးညႇင္းခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ ၫႊန္ၾကားေရးဦးစီးဌာနမွ စစ္ေဆးေရးမွဴး(၂)ဦးေအာင္ေဌး က ေျပာသည္။

အဆိုပါ ကမ္ပိန္းတြင္ ကုန္းလမ္းပို႔ေဆာင္ၫႊန္ၾကားေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ မိုးညႇင္းၿမိဳ႕(၁၀၁)ယာဥ္ထိမ္းတပ္ဖြဲ႕မွတာဝန္ရိွသူမ်ား၊ ပုဂၢလိက ေမာ္ေတာ္ယာဥ္ စည္းကမ္းႀကီးၾကပ္ေရးမွ တာဝန္ရိွသူမ်ားပါ၀င္ခဲ့ၿပီး မိုးညႇင္းၿမိဳ႕တြင္ ရက္သတၱတစ္ပတ္ၾကာ ျပဳလုပ္သြားမည္ဟု သိရသည္။

မိုးညႇင္းၿမိဳ႕နယ္အတြင္း ယာဥ္စည္းကမ္းလမ္းစည္း ပညာေပးကမ္ပိန္းကို မိုးညႇင္းၿမိဳ႕ အမွတ္(၁၀၁)ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ယခု ၂၀၁၈/၂၀၁၉ ခုႏွစ္ အကူးတြင္ (၁၀)ႀကိမ္ေက်ာ္ ျပဳလုပ္ခဲ့သည္ဟု သိရၿပီး ဆိုင္ကယ္စီးဦးထုပ္မ်ား အခမဲ့ေပးေဝ၍ ပညာေပးျခင္း၊ ကူပြန္ကံစမ္းမဲမ်ားႏိႈက္၍ ယာဥ္စည္းကမ္းလမ္းစည္းကမ္းကိုလုိက္ေစရန္ ပညာေပး လုပ္ေဆာင္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း စည္းကမ္းလိုက္နာမႈ အားနည္းျခင္းေၾကာင့္ မိုးညႇင္းၿမိဳ႕နယ္အတြင္း ဆိုင္ကယ္ႏွင့္ ယာဥ္မေတာ္တဆမႈမ်ား ျဖစ္ပြားလွ်က္ရွိေနသည္။

၂၀၁၈ခုႏွစ္အတြင္း ယာဥ္မေတာ္တဆမႈ (၅၆)မႈ ျဖစ္ပြားခဲ့ၿပီး လူေသဆံုးမႈမ်ားလည္း ရိွခဲ့ေၾကာင္း မိုးညႇင္းၿမိဳ႕ နယ္ရဲစခန္းမွ သိရသည္။

မိုးျမင့္
————————————————-

မိုးညှင်းမြို့တွင် Wear Helmets Ride Safaly ပညာပေးကမ်ပိန်း (၇)ရက်ကြာပြုလုပ်မည်

EPN
မိုးညှင်း၊ မေ ၈


မိုးညှင်းမြို့တွင် Wear Helmets Ride Safaly ပညာပေးကမ်ပိန်း (၇)ရက်ကြာပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။


မိုးညှင်းခရိုင် ကုန်းလမ်းပို့ဆောင်ညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးလျှက် ယနေ့(မေ ၈)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး မိုးညှင်းမြို့၊ မြို့မဈေးထိပ် သဘာဝဓါတ်ပုံဆိုင်အရှေ့တွင် Wear Helmets Ride Safaly ပညာပေး ကမ်ပိန်း အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ရာ (Wear Safe Helmet-Save Live) အသက်အန္တရာယ် ကယ်ဆယ်ဘို့ အရည်အသွေးပြည့်မှီသည့် ဆိုင်ကယ်ဦးထုပ်ဆောင်းကြစို့ ၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ၊ အရှိန်ပြင်းပြင်းမမောင်းရ၊ (၂)ဦးထက်ပို မစီးရ စသော စတစ်ကာ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များတွင် စတစ်ကာကပ်ခြင်းနှင့် ပညာပေး ပန်းဖလက်များ ဝေငှခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။


“ဒီကမ်ပိန်းကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အတွက် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ အရည်အသွေးမှီတဲ့ ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းကြဘို့ ကိုလည်း အသိပညာပေးခြင်းဖြစ်သလို ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ စီးနင်းပါက အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့အကြောင်းနဲ့ ဆိုင်ကယ်မောင်းသူနှင့် နောက်ထိုင်လိုက်သူများ ဦးထုပ်ဆောင်းကြပါ။ အရှိန်ပြင်းပြင်းမမောင်းကြဘို့၊ ဆိုင်ကယ်စီးမယ်ဆို(၂)ဦးထက်ပိုမစီးရဆိုတဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးလမ်းအန္တရာယ်ကင်းရှင်းရေး စည်းကမ်းများကို လိုက်နာကြစေရန် ရည်ရွယ်လုပ်ဆောင်ရတာဖြစ်ပါတယ်”ဟု အဆိုပါ ကမ်ပိန်းကိုဦးဆောင် ပြုလုပ်သော မိုးညှင်းခရိုင် ကုန်းလမ်းပို့ဆောင် ညွှန်ကြားရေးဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂)ဦးအောင်ဌေး က ပြောသည်။


အဆိုပါ ကမ်ပိန်းတွင် ကုန်းလမ်းပို့ဆောင်ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုးညှင်းမြို့(၁၀၁)ယာဉ်ထိမ်းတပ်ဖွဲ့မှတာဝန်ရှိသူများ၊ ပုဂ္ဂလိက မော်တော်ယာဉ် စည်းကမ်းကြီးကြပ်ရေးမှ တာဝန်ရှိသူများပါဝင်ခဲ့ပြီး မိုးညှင်းမြို့တွင် ရက်သတ္တတစ်ပတ်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။


မိုးညှင်းမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်း ပညာပေးကမ်ပိန်းကို မိုးညှင်းမြို့ အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယခု ၂၀၁၈/၂၀၁၉ ခုနှစ် အကူးတွင် (၁၀)ကြိမ်ကျော် ပြုလုပ်ခဲ့သည်ဟု သိရပြီး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေ၍ ပညာပေးခြင်း၊ ကူပွန်ကံစမ်းမဲများနှိုက်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကိုလိုက်စေရန် ပညာပေး လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် မိုးညှင်းမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျှက်ရှိနေသည်။


၂၀၁၈ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၆)မှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း မိုးညှင်းမြို့ နယ်ရဲစခန်းမှ သိရသည်။


မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။