Trending Now

Online၊ Internet Social Network အန္တရာယ် နှင့် ဆိုးကျိုးများ (၁)

Spread the love

Online၊ Internet Social Network အန္တရာယ် နှင့် ဆိုးကျိုးများ (၁)
EPN
သတင်းဆောင်းပါး
၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်
ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နယ်ပယ်တိုင်းတွင်
အစွန်းရောက်သူများရှိသည်။ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊
ပုဂ္ဂိုလ်ရေးအစွန်းရောက်၊ ပါတီစွဲအစွန်းရောက်၊ ဝါဒရေးအစွန်းရောက်၊ ယုံကြည်မှု အစွန်းရောက် စသည်ဖြင့် အမျိုးမျိုး ရှိတတ်သည်။
အစွန်းရောက်ဆိုသည်မှာ ကိုယ်အယူအဆသည်သာ အမှန်ဟုသည့်အစွဲကြောင့် မည်သည့်အစွန်းရောက်မဆို အမှန်တရားနှင့်ဝေးကွာပြီး ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည်။
ယနေ့ခေတ်တွင် အများစုသည် အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားပေးနိူင်သည့် ဦးနှောက်နှင့်နှလုံးသား၊ နိုင်ငံနှင့်လူမှုဘဝ ပတ်ဝန်းကျင်အကျိုးပြုမှု၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိူင်မည့် စာပေများကို မလေ့လာပဲ နေ့စဥ်အွန်းလိုင်းပေါ်မှ အကြောင်းအရာများကို အမှန်ဟု ယူဆတတ်ကြသည်။ Online အွန်လိုင်း၊ Internet Social Network ပေါ်ရေးသားသူများ၏ ရည်ရွယ်ချက်၊ အတွေ့အကြုံ၊ အဆင့်အတန်း၊ ပညာအရည်အချင်း၊ အသက်မွေးဝမ်းကြောင်းမှုနှင့် ဘဝရှင်သန်နေမှုများကို မည်သူမျှ သေချာမသိနိူင်ကြပေ။ ထိုသူများ၏ ဆင်ခြင်တုံမဲ့ အပြုအမူများသည် တည်ငြိမ်သည့် နိုင်ငံနှင့် လူမှုဘဝအား အန္တရာယ်ကျရောက်စေရန် အစွန်းရောက်ဝါဒီများကို မွေးထုတ်ပေးသလို ဖြစ်စေသည်။ အဘယ့်ကြောင့်ဆိုသော်။
Online၊ Internet Social Network ပေါ်တွင် လူမျိုး၊ ဘာသာ၊ သုစရိုက်၊ ဒုစရိုက်၊ အလုပ်အကိုင် မျိုးစုံရှိသည်။ ၎င်းတို့သည် မိမိ၏ကိုယ်ကျိုးစီးပွားအတ္တအတွက် လူထုအကြား အလွယ်တကူထိရောက်သည့် Online၊ Internet Social Network ကို စီးပွားရေးလုပ်ငန်း တခုအနေနှင့် နေ့စဥ်စည်းကမ်းမဲ့နေ့စဥ် ပရမ်းပတာ အသုံးပြုနေကြသည်။ သတိမမူ ဂူမမြင်ကဲ့သို့ လေ့လာမှု အားနည်းသူများသည် Online၊ Internet Social Network ၏ သားကောင်အဖြစ်သို့ ဆင်းသက်ရလေသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စာပေထုတ်ဝေရေးနှင့်ပတ်သက်၍ သတ်မှတ်ချက် အမျိုးမျိုးရှိသည်။ အပြုသဘောဆောင်သည့် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာ၊ ယဥ်ကျေးမှုစာပေများကို ကဏ္ဍများခွဲထား၍ ဥပဒေနှင့်အညီ ထုတ်ဝေခွင့် ပြုထားသည်။
ယနေ့ခေတ်တွင် လူတိုင်းဟန်းဖုန်းကိုင်၍ အွန်လိုင်းပေါ်တွင် ဝါဒဖြန့်အဆိပ်တောက် စာနှင့် ဗွီဒီယိုများ၊ ဖိုင်များကို အရှက်အကြောက်မရှိ အတားအဆီးမဲ့ အပြိုင်တင်နေသည်မှာ လူမျိုးပေါင်းစုံကြား အမုန်းပွားစေသလို အငြင်းပွားထိခိုက်မှုများအဖြစ် တွေ့မြင်လာရသည်။ အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံသူများအဖို့ Online၊ Internet Social Network သည် ဘဝမဟုတ်ပေ။ လူမှုဆက်ဆံရေးအတွက် ကြားခံတစ်ခုအဖြစ် အသုံးပြုသည်။ နိုင်ငံတကာတွင် စည်းကမ်းသတ်မှတ်များနှင့်အညီ နိုင်ငံနှင့်လူမှုဘဝ တိုးတက်ရေးအတွက် ကဏ္ဍမျိုးစုံအလိုက် သီးသန့် အသုံးပြုခွင့်ပေးထားသည်။
၎င်းတို့နိုင်ငံနှင့် လူမှုအကျိုးစီးပွားကိုထိခိုက်လာလျှင် မည့်သူကိုမဆို အလျှင်အမြန်အရေးယူနိူင်သည်။ ဖေ့ဘုတ်အွန်လိုင်းတည်ထောင်သူ ဇူကာဘတ်ပင် အလွတ်မပေးချေ။ တရုတ်နိုင်ငံတွင် အန္တရာယ်များသည့် ဖေ့ဘုတ်အွန်လိုင်းကို တရားဝင်အသုံးပြုခွင့် မရှိပေ။ လုံခြုံမှု မရှိသည့်အပြင် အန္တရာယ်အလွန်များသည့် အွန်းလိုင်းများကို တီထွင်သူ ဇူကာဘတ်ပင် အလုပ်သဘောမျှသာ အသုံးပြုကြောင်း သိရသည်။
နိုင်ငံတကာ Online၊ Internet Social Network အသုံးပြုသူများသည် စည်းကမ်းသတ်မှတ်ချက်များကို နားလည်သိရှိယုံမျှသာမက အရေးယူဖမ်းဆီးခြင်းမခံရအောင် အပြင် နိုင်ငံနှင့်လူမှုဘဝတိုးတက်လာစေရန် တိကျခိုင်မာသည့် လေ့လာတွေ့ရှိချက်များကို အထောက်အထား ပြည့်စုံစွာနှင့် အများသိစေရန်မျှဝေအသုံးပြုသည်။ သက်ဆိုင်ရာနိုင်ငံအလိုက် ဥပဒေစည်းကမ်းသတ်မှတ်နှင့်အညီ ကောင်းမွန်သည့်ဘက်တွင် အသုံးပြု၍ ကောင်းကျိုးများကို ခံစားရသည်။ ထို့ကြောင့် နိုင်ငံတကာတွင် အွန်လိုင်းအသုံးပြုသူများသည် ကမ္ဘာတဝန်းထင်ရှားကျော်ကြား၍ ဝင်ငွေရပေသည်။ အွန်လိုင်းသုံးသူ၏ ကောင်းကျိုးဆိုးကျိုးမှာ အသုံးပြုသူနှင့်သာအဓိက သက်ဆိုင်သည်။ စာဖတ်သူ Online၊ Internet Social Network သုံးလျှင် မည်သည့်အတွက် အသုံးပြုသနည်းမေးခွန်းမှာ အရေးတကြီး စဥ်းစားရမည်ဖြစ်ပေသည်။ မိမိအသုံးပြုနေသည့် အကြောင်းအရာများသည် မည်မျှခိုင်မာမှုရှိမရှိမှာ မိမိ၏ ဆင်ခြင်တုံတရားအပေါ်တွင် မူတည်သည်။
မြန်မာနိုင်ငံတွင် ထိုသို့မဟုတ်ချေ။ နယ်ပယ်အသီးသီးရှိ အစွန်းရောက်သူများသည် မိမိဖုန်းပေါ်တွင် အသိတရားကို ရှေ့တန်းမတင်ပဲ ဆန္ဒကိုရှေ့တန်းတင်၍ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူတတ်ကြသည်။ အသိပညာဗဟုသုတ နည်းပါးသူများသည် အွန်လိုင်းပေါ်မှအချက်အလက်များကို အမှန်ဟု ယူဆသည်။ မိုးဇလပညာရှင် ဆရာကြီး ဦးထွန်းလွင်ဆိုသလို နားထောင်တော့ တစ်ဝက်တပျက်၊ နားလည်တော့ လေးပုံတစ်ပုံ၊ ပြန်ပြောနှစ်ဆ ဆိုသလို မိမိအလိုရှိရာကို ဆွဲယူ၍ ခေါင်းစဥ်တပ်ကြသည်။ အဆိုးရွားဆုံးမှာ အကောင့်တုများနှင့် လူပိန်းအကြိုက်တွေ့များကို လိုက်နှင့်ရှယ် များများရရန်အတွက် ဆင်ခြင်တုံတရားမဲ့ မဆင်မခြင် အပြိုင်အဆိုင် အပြုအမှုများကြောင့် ပို့လ်တင်သူနှင့် ကြည့်ရှု့သူများမှာ နိုင်ငံနှင့်လူမှုဘဝအတွက် အကြောင်းအရာများစွာ ဆုံးရှုံးထိခိုက်ရသည်။
နိုင်ငံတကာတွင် Online၊ Internet Social Network အသုံးပြုသူများသည် နိုင်ငံနှင့်လူမှုဘဝအတွက် ပုဂ္ဂိုလ်ရေးအရမည်သူကိုမျှ ထိခိုက်၍မရပေ။ ထိုအချင်းအရာနှင့်ပတ်သက်၍ နိုင်ငံတကာတွင် မိမိတို့နိုင်ငံနှင့်လူမှုဘဝအတွက် ပြဒါန်းထားသည့် ဥပဒေစည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီသော အွန်လိုင်းစည်းကမ်းသတ်မှတ်ချက်များမှာ အငြင်းပွားနေရဆဲပင်ဖြစ်သည်။ လေယာဥ်ပျံများသည် လေထဲတွင် မိမိသဘောအလျောက် ပျံသန်းခွင့် မရှိသလို နိုင်ငံနှင့် လူမှုဘဝလုံခြုံမှုမရှိသည့် အွန်လိုင်းဝက်ဆိုက်များကို တရုတ်နှင့်မြောက်ကိုရီးယားနိုင်ငံတို့တွင် တရားဝင်ပိတ်ပင်ထားသည်။ လုံခြုံမှုမရှိသည့်အပြင် အန္တရာယ်များသည့် အွန်လိုင်းဝက်ဆိုက်များ၊ နည်းပညာများ၊ အကာအကွယ်ပေးထားသည့် နိုင်ငံနှင့်လူမှုဘဝဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ချိုးဖေါက်မှုများ၊ မရိုးသားသည့် အသုံးချမှုများကြောင့် အွန်လိုင်းပေါ်တွင် အမုန်းပွားမှုပြဿနာများနှင့် ငြင်းခုံမှုပြဿနာများကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နယ်ပယ်တိုင်းတွင် ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ပါတီစွဲ၊ ဝါဒစွဲ၊ ယုံကြည်မှုအစွန်းရောက်မှု ပြဿနာပေါင်းစုံ ဖြစ်ပေါ်ခဲ့ပြီး အနှီးမဲ့ လူအသက်ပေါင်းများစွာ ဆုံးရှုံးနေရဆဲဖြစ်သည်။ Online၊ Internet Social Network အသုံးပြုသူများ၏ စည်းကမ်းမဲ့ မဆင်မခြင် အပြုအမူများကြောင့်အွန်လိုင်းပေါ်တွင် နေ့စဥ်ဖြစ်ပေါ်လာသည့်ပြဿနာများကို စုပုံလာသောအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြီးမားသောစိန်ခေါ်မှုများကို ကြုံတွေ့လာရသည်။
ဆက်ပါဦးမည်
မိုးမြင့်မောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။