Trending Now

အိန္ဒိယနိုင်ငံမှာ မုတ်သုံရာသီ ရေကြီးမှုကြောင့် ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့

Spread the love

အိန္ဒိယနိုင်ငံမှာ မုတ်သုံရာသီ ရေကြီးမှုကြောင့် ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပွာကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း မိုးရွာသွန်းမှုအများဆုံးဖြစ်ခဲ့ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် နယူဒေလီမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ဒူဆစ်ခန့်အထိ ရေနစ်မြုပ်ခဲ့ပြီး မိုးရေချိန် ၁၅၃ မီလီမီတာ ရွာသွန်းခဲ့တဲ့ မိုးရေကြောင့် နှစ် ၄၀ အတွင်း အမြင့်ဆုံးမိုးရွာသွန်းမှုအဖြစ် စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

အနည်းဆုံး နောက်ထပ်တစ်ရက် မိုးသည်းထန်စွာ ရွာသွန်းနေဦးမယ်လို့ ခန့်မှန်းထားတဲ့အတွက် အာဏာပိုင်တွေက မြို့တော်က စာသင်ကျောင်းတွေကို ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပိတ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

အိန္ဒိယ မိုးလေဝသဌာနကလည်း လာမယ့်ရက်တွေအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ မိုးပိုလာမယ်လို့ ခန့်မှန်းထားပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။