Trending Now

မြစ်ကြီးနားမြို့နည်းပညာတက္ကသိုလ်ကျောင်းတွင် အားကစားပြိုင်ပွဲများမှဆုရရှိအသင်းများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ တက်ရောက်ဆုချီးမြင့်

Spread the love

မြစ်ကြီးနားမြို့နည်းပညာတက္ကသိုလ်ကျောင်းတွင် အားကစားပြိုင်ပွဲများမှဆုရရှိအသင်းများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ တက်ရောက်ဆုချီးမြင့်

EPN
မြစ်ကြီးနား ၊ဇူလိုင် ၁၈

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုတွင် မိုးရာသီ ပါမောက္ခချုပ်ဖလား ကျား/မ ဖူဆယ်‌ဘောလုံး ပြိုင်နှင့် ကျား/မ စားပွဲတင် တင်းနစ် ပြိုင်ပွဲတို့ တွင် ဆုရရှိသည့် အသင်းများကို ယမန်နေ့ ညနေပိုင်း ၄နာရီအချိန်က ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ တက်ရောက် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူ အားကစားပြိုင်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့က စတင် ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအားကစားပွဲတွင် အမျိုးသ ားဖူဆယ် ဘောလုံး အသင်း (၄)သင်း ၊ အမျိုးသမီး ဖူဆယ် ဘောလုံး အသင်း (၃)သင်းနှင့် ကျား/မ စာပွဲတင် တင်းနစ် တို့ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ယင်းဖူဆယ်ဘောလုံးအမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီး ပြိုင်ပွဲ အပါအဝင် ကျား/မ စာပွဲတင် တင်းနစ်ပြိုင်တို့တွင် ဆုအသီးသီးရရှိသူများကို ယနေ့ ညနေပိုင်းအချိန်တွင် ဂုဏ်ပြုဆုတံဆိပ် များနှင့် ငွေသား ဆုချီးမြင့်‌ပေးခဲ့ကြောင်းသိရသည်။

နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားပြိုင်ပွဲ၌ အမျိုးသားဖူဆယ်ဘောလုံပြိုင်ပွဲတွင် Civil အသင်းမှ EPအသင်းအား ၄ဂိုး ၂ဂိုဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ECအသင်းမှ EPအသင်းအား ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

အနိုင်ရရှိခဲ့သည့် အသင်းများအား ပြည်နယ်သယံဇာတရေရာဝန်ကြီးနှင့် နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများမှ ဆုများချီးမြင့်ပေးခဲ့ပြီး ကစားပွဲတွင် အကောင်းဆုံး ကစားသမားအသီးတို့နှင့် ပထမဆု၊ဒုတိယဆု အပြင် နှစ့်သိမ့်ဆုရရှိသည့် အသင်း များကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။