Trending Now

ကျေးလက်ဒေသအများစုတွင် ထင်းမီးကိုသာ အဓိကသုံးစွဲနေသည့်အတွက် ကျေးရွာတစ်ရွာတွင် ထင်းသစ်ပင်များကို အနည်းဆုံး ၂ ဧကစိုက်ပျိုးကြရန် နစကဥက္ကဌပြောကြား

Spread the love

ကျေးလက်ဒေသအများစုတွင် ထင်းမီးကိုသာ အဓိကသုံးစွဲနေသည့်အတွက် ကျေးရွာတစ်ရွာတွင် ထင်းသစ်ပင်များကို အနည်းဆုံး ၂ ဧကစိုက်ပျိုးကြရန် နစကဥက္ကဌပြောကြား

EPN
မြစ်ကြီးနား ၊ ဇွန် ၃

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသအများစုတွင် ထင်းမီးကိုသာ အဓိကသုံးစွဲနေသောကြောင့် ကျေးရွာတစ်ရွာတွင် ထင်းသစ်ပင်များကို အနည်းဆုံး ၂ ဧကစိုက်ပျိုးကြရန်လိုကြောင်း ယမန်နေ့ နေပြည်တော် သီရိမြို့နယ် ရေဆင်းဆည်အနီးတွင် ပြုလုပ်ကျင်းပသော ၂၀၂၂ခုနှစ်အတွက် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းနားတွင် နစကဥက္ကဌမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်းနှုန်းခန့်မှာ ကျေးလက်ဒေသတွင်သာ နေထိုင်ကြပြီး ချက်ပြုတ်စားသောက်ရာတွင် ထင်းမီးကိုသာ အဓိကသုံးစွဲနေကြသောကြောင့် ထင်းသစ်ပင်များ စိုက်ပျိုးရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိူးခြင်းတစ်ခုတည်းနှင့်မလုံလောက်ပဲ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် စိုက်ပျိုးအောင်မြင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းစောင့်ရှောက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ဒါ့အပြင် ကျေးလက်ဒေသအချို့တွင် လျှပ်စစ်မီးရရှိမှု အားနည်းနေသေးသည့် အတွက် ယင်းလျှပ်စစ်မီး မရရှိနိုင်သည့်အချိန်တွင် ချက်ပြုတ်ရန် ထင်းမီးကိုသာ အသုံးပြုရမည်ဖြစ်သည့်အတွက် ကျေးရွာများရှိ ပြည်သူများအနေဖြင့် ထင်းသစ်ပင်များကို များများစိုက်ပျိုးရန်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် သစ်အားအခြေခံသည့် အဆောက်အအုံများ အများအပြားရှိသည့်အတွက် မိမိတို့နိုင်ငံ၏ လူနေမှုစနစ်ကို မြှင့်တင်ပေးရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီစွာ သဟဇာတဖြစ်သည့် အဆောက်အဦများ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။