Trending Now

သားဖနှစ်ဦးစီးလာသည့်ဆိုင်ကယ် သစ်ပင်ကို ဝင်တိုက်မိ သားဖြစ်သူသေဆုံး

Spread the love

သားဖနှစ်ဦးစီးလာသည့်ဆိုင်ကယ် သစ်ပင်ကို ဝင်တိုက်မိ သားဖြစ်သူသေဆုံး

EPN
ဗန်းမော်၊ ဇန်နဝါရီ ၆

ကချင်ပြည်နယ် ဗန်းမော်မြို့ ၂မိုင်အောင်သာရပ်ကွက် ဂွတ်ရှယ်ဆိုင်အနီးတွင် သားဖနှစ်ဦး စီးလာသည့်ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ကို ဝင်တိုက်မိရာမှ သားဖြစ်သူ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ၂မိုင်အောင်သာ ရပ်ကွက်နေသူ သားအဖနှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ဗန်းမော်မြို့ထဲသို့ သွားချိန်တွင် ဆိုင်ကယ် အရှိန်မထိန်းနိုင်ပဲ ၂မိုင်အောင်သာရပ်ကွက် ဂွတ်ရှယ်ဆိုင်အနီး လမ်းဘေးတွင်ရှိသည့် သစ်ပစ်တစ်ပင်ကို ဝင်တိုက်ခဲ့ရာ အသက် ၁၂ နှစ်ဝန်းကျင်ရှိ သားဖြစ်သူမှာ ဦးခေါင်းတစ်ခြမ်းကွဲဒဏ်ရာရရှိကာ ၎င်းနေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“စစခြင်းဖြစ်တော့ ဘယ်ကလဲမသိရဘူးနောက်မှပဲ ဒီ ၂မိုင်အောင်သာရပ်ကွက်မှာနေတဲ့သူတွေပဲဆိုတာ သိရတာ၊ သားအဖနှစ်ယောက်စလုံးက မြို့ဘက်ကို သွားတာနေမှာ ဆိုင်ကယ်ကို အရှိန်နဲ့မောင်းတော့ မထိန်းနိုင်ပဲ လမ်းဘေးကသစ်ပင်ကို ဝင်တိုက်လိုက်တာ၊ သူ့သားကခေါင်းကွဲသွားတယ်၊ အဲ့နေရာမှာပဲ သေသွားတယ်လို့ပဲ ပြောရမယ်၊လူမူကယ်ဆယ်ရေးအသင်းတွေက ဆေးရုံပို့ဖို့လုပ်တော့ ကလေးကအသက်မရှိတော့ဘူး၊ သူ့အဖေလည်းဦးခေါင်းဒဏ်ရာတွေပဲ၊အခုလည်း မန္တလေးဆေးရုံကို ပို့လိုက်ကြပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် အသက် ၁၂ နှစ်ဝန်းကျင်ရှိ ဘုန်းမြင့်မြတ် ဆိုသူ၏ရုပ်အလောင်းကို ဗန်းမော်ပြည်သူ့ဆေးရုံရင်ခွဲရုံတွင်ထားရှိပြီး အဖေဖြစ်သူမှာ ဦးခေါင်းဒဏ်ရာများကြောင့် စကားပြောဆိုနိုင်ခြင်းမရှိပဲ ယနေ့နံနက်ပိုင်းတွင် ဗန်းမော်ဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်‌ထားကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။