Trending Now

စူပါဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ချည်းကပ်လာမှုကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် သန်းချီသော ပြည်သူများကို ဘေးလွတ်ရာပြောင်းရွှေ့

Spread the love

စူပါဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ချည်းကပ်လာမှုကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် သန်းချီသော ပြည်သူများကို ဘေးလွတ်ရာပြောင်းရွှေ့

EPN
နိုင်ငံတကာ၊ မေ ၂၀

အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နေကြောင်း သိရသည်။

လူပေါင်း ၉၀၀၀ ကျော် သေဆုံးခဲ့သည့် ၁၉၉၉ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းတစ်ခုနောက်ပိုင်း အင်အားအပြင်းထန်ဆုံး “အမ်ဖန်” မုန်တိုင်းကြောင့် ကြိုတင်ပြင်ဆင်မှုအဖြစ် အာဏာပိုင်များက သန်းနှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကန့်သတ်ချက်များက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ရှုပ်ထွေးစေချိန် တွင် လူနေထူထပ်ရာဒေသများတွင် ဆူပါ ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ်တော့မည်ဟု ကမ္ဘာ့ မိုးလေဝသ အသင်းက ပြောသည်။

တစ်နာရီလျင် ၇၇ မိုင်နှုန်းဖြင့် တိုက်ခတ်နေသည့် လေပြင်းများကြောင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာတီယာကျွန်းတို့တွင် ကြီးမားသော အပျက်အစီးများ ဖြစ်ပေါ်မည်ဟု အိန္ဒိယ မိုးလေဝသဌာနက ပြောကြားသည်။

လူပေါင်း ၃ သန်းကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့သော်လည်း မုန်တိုင်းရှောင်စခန်းအချို့တွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှုအန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် ခိုလှုံသူထက်ဝက်ခန့်သာရှိသည်။
နှစ်နိုင်ငံစလုံးက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတုံ့ပြန်ရန် တင်းကျပ်သော အသွားအလာကန့်သတ်မှု အ ကောင်အထည်ဖော်ဆောင်ခဲ့သည်။

–ကိုးကား–
ဘီဘီစီ
Ref; Millions seek shelter from super Cyclone Amphan in India and Bangladesh


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။