Trending Now

မရမ်းကျေးရွာအနီး အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်

Spread the love

မရမ်းကျေးရွာအနီး အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်

EPN
မိုးကောင်း၊ ဇွန် ၁၆

မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီးတွင် ယမန်နေ့က ညပိုင်းက အဝေးပြေးခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်ကြောင်း နမ္မတီး နယ်မြေရဲစခန်းမှ သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မရမ်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇွန်(၁၅)ရက် ည (၇)နာရီကျော် အချိန်ခန့်က မြစ်ကြီးနားဘက်မှ ရွှေဘိုဘက်သို့ ယာဉ်မောင်း ဦးထွန်းလင်း၊ (၂၉)နှစ်မောင်းနှင်လာသော High Boss Express ခရီးသည်တင် အဝေးပြေး မှန်လုံယာဉ်သည် မရမ်းကျေးရွာ မိုင်တိုင်အမှတ် ကီလိုမီတာ (၄၃၉)နှင့် (၄၃၈)ကြား အရောက် ယာဉ်တစ်စီးအား လမ်းချတိမ်းရှောင်စဉ် အရှိန်လွန်ပြီး လမ်း၏ လက်ယာဘက်သို့ ထိုးကျတိမ်း မှောက်ခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။ အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် တစ်ဦး စုစုပေါင်း(၃) ဦးသာ လိုက်ပါလာပြီး လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်မောင်း ဦးထွန်းလင်းကို နမ္မတီးနယ်မြေရဲစခန်းမှ ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။