Trending Now

ဟူးေကာင္း ပယင္းလုပ္ကြက္မ်ား အျမန္ဆံုးခ်ေပးေစလုိ

Spread the love

ဟူးေကာင္း ပယင္းလုပ္ကြက္မ်ား အျမန္ဆံုးခ်ေပးေစလုိ
EPN
အယ္ဒီတာအာေဘာ္၊ စက္တင္ဘာ ၁၅
ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔အေနျဖင့္ မ်ားမၾကာမီ ကာလအတြင္း တႏုိင္းေဒသရွိ ပယင္းလုပ္ကြက္မ်ားကုိ တရားဝင္ခ်ေပးႏုိင္ရန္ လတ္တေလာ ဥပေဒေဘာင္အတြင္း လုပ္ကုိင္ႏုိင္ရန္ ေက်ာက္မ်က္ရတနာ အေသးစားႏွင့္ လက္လုပ္လက္စား ဥပေဒၾကမ္းကုိ အတည္ျပဳႏိုင္ေရးအတြက္ လူထုကုိ ခ်ျပ႐ွင္းလင္းေနသည့္ အခ်ိန္ျဖစ္သည္။
ယခု ေက်ာက္မ်က္ရတနာ အေသးစားႏွင့္ လက္လုပ္လက္စား ဥပေဒကုိ အတည္ျပဳၿပီးမွသာ ပယင္းလုပ္ကြက္မ်ားကုိ တရားဝင္ခ်ေပးႏုိင္မည္။ အစုိးရမွ လုပ္ကြက္မ်ား တရားဝင္ခ်ေပးျခင္းျဖင့္ ေဒသခံမ်ား လက္႐ွိ ၾကဳံေတြ႕ေနရေသာ စားဝတ္ေနေရး အခက္အခဲ ဘဝမွ ေဒသခံမ်ား လုပ္ ကိုင္ခြင့္ႏွင့္ အက်ိဳးခံစားခြင့္မ်ားရရွိမည္ျဖစ္သည္။
သုိ႔ေသာ္ အခ်ိဴ႕က ပယင္းေမွာ္လုပ္ကြက္မ်ားကုိ တရားဝင္ခ်ေပးပါက ဌာေနေဒသခံမ်ားအတြက္ ႏွစ္နာဆုံး႐ႈံးမႈမ်ား႐ွိၿပီး အမွန္တကယ္ အက်ိဳးျဖစ္ထြန္း ခံစားရမည့္သူမွာ ေဒသခံမဟုတ္သည့္ ရပ္ေဝးေနသူမ်ားသာ ခ်မ္းသာအဆင္ေျပသြားမည့္အျပင္ ျပည္နယ္အတြင္း႐ွိ သဘာဝပတ္ ဝန္းက်င္ပ်က္ဆီးသြားမည္ျဖစ္သည့္အတြက္ ကန္႔ ကြက္သူမ်ားလည္း ႐ွိေနေပသည္။
သုိ႔ေသာ္ လတ္တေလာမွာ ေဒသခံတုိင္းရင္းသားမ်ားသည္ ယခင္ေမွာ္တရားမဝင္လုပ္ကုိင္ တုန္းကလုိ စားဝတ္ေနေရးအဆင္မေျပလည္ သည့္အျပင္ တနုိင္းၿမိဳ႕မ၊ မနက္ခင္းေဈးတန္းသည္လည္း ဝယ္သူမ႐ွိဘဲ ေျခာက္ေသြ႔လုိ႔ ေနေပေတာ့သည္။ အမွန္တကယ္ေဒသခံမ်ားသည္ ယင္း ပယင္းေမွာ္လုပ္ကြက္မ်ားကုိ တရားဝင္ခ် ေပးေစလုိသည္။
ယခုလုိ တရားဝင္လုပ္ကြက္မ်ား ခ်ေပးေတာ့ မည့္သတင္းေၾကာင့္ ပယင္းစီးပြားေရးလုပ္ငန္းကုိ လုပ္ကုိင္ၾကရန္ စုိင္းျပင္းေနသည့္ လုပ္ငန္းရွင္မ်ားလည္း ႐ွိေနသည္။
ထို႔ေၾကာင့္ ယခု ပယင္းလုပ္ကြက္မ်ားကုိ ခ်ေပးေတာ့မည္ဆုိလွ်င္ ျပည္နယ္အစိုးရအေနျဖင့္ ခ်ေပးမည့္ ေနရာ၊ ေလွ်ာက္ထားသည့္ လူမ်ားကုိ ေသခ်ာစနစ္တက် စိစစ္ရမည္။ အဘယ္ေၾကာင့္ဆုိေသာ္ ဤသုိ႔ လုပ္ကုိင္ခြင့္မ်ားကို ခ်ေပးသည့္ေနရာ မွာ ပယင္းထြက္ရွိႏုိင္မႈရွိမရွိ၊ ေလွ်ာက္ထားသူသည္ ေဒသခံမ်ား ဟုတ္မဟုတ္ဆုိတာကို စိစစ္ရမည္ျဖစ္သည္။
သုိ႔မဟုတ္ေသာ္ ေဒသခံမ်ား၏ အက်ိဳးခံစားခြင့္ရရွိေအာင္ ဖန္တီးေပးျခင္းဆိုရာမွာ ထိေရာက္မႈ မရွိသည့္ အျပင္ ေဒသႏွင့္ ႏွစ္ေပါင္းမ်ားစြာ ေနထုိင္လာခဲ့ေသာ ဌာေနတိုင္းရင္းသားမ်ားအတြက္ အက်ိဳးမျဖစ္ ထြန္းဘဲ ႏွစ္နာမႈမ်ားသာရွိမည္။
ယခု အေသးစားလုပ္ကိုင္ခြင့္ႏွင့္ တႏိုင္တပိုင္ လုပ္ကိုင္ခြင့္ ဖန္တီးေပးျခင္းသည္ မူရင္း ေဒသခံမ်ား အတြက္ အလုပ္အကိုင္ခြင့္လန္းဖန္တီးေပးျခင္းႏွင့္ မိမိေဒသ၌ ထြက္ရွိေသာ သယံဇာတမ်ားကို တရား ဝင္လုပ္ကိုင္ၾကျခင္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳေစႏုိင္ရန္အတြက္ေသာ္လည္းေကာင္း၊ ျပည္နယ္ အစိုးရ၏ အခြန္ေငြတိုးလာရန္အတြက္ေသာ္လည္းေကာင္း ဖန္တီးေပးျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ယခုေရႊႏွင့္ ပယင္းလုပ္ကြက္မ်ား ခ်ေပးမည့္အစီအစဥ္သည္ ေဒသခံမ်ားအတြက္ ရည္ရြယ္ ျခင္းေလာ၊ ေအာက္ျပည္ေအာက္ရြာေဒသမွ ခဏသာ လာေရာက္လုပ္ကိုင္ၾကသူမ်ားအတြက္ေလာ ဆိုတာကို ေသခ်ာစိစစ္ရန္နွင့္ မူူရင္းဌာေနတိုင္းရင္းသားမ်ားအတြက္ ဟူးေကာင္း ပယင္းလုပ္ကြက္မ်ား အျမန္ဆံုးခ်ေပးရန္လုိအပ္ပါေၾကာင္း ေဖၚျပလုိက္ပါသည္။
အယ္ဒီတာ
ထာဝရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
Eternally Peace News Network (EPN)
———————————————————-


ဟူးကောင်း ပယင်းလုပ်ကွက်များ အမြန်ဆုံးချပေးစေလို

EPN

အယ်ဒီတာအာဘော်၊ စက်တင်ဘာ ၁၅

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် များမကြာမီ ကာလအတွင်း တနိုင်းဒေသရှိ ပယင်းလုပ်ကွက်များကို တရားဝင်ချပေးနိုင်ရန် လတ်တလော ဥပဒေဘောင်အတွင်း လုပ်ကိုင်နိုင်ရန် ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေကြမ်းကို အတည်ပြုနိုင်ရေးအတွက် လူထုကို ချပြရှင်းလင်းနေသည့် အချိန်ဖြစ်သည်။

ယခု ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေကို အတည်ပြုပြီးမှသာ ပယင်းလုပ်ကွက်များကို တရားဝင်ချပေးနိုင်မည်။ အစိုးရမှ လုပ်ကွက်များ တရားဝင်ချပေးခြင်းဖြင့် ဒေသခံများ လက်ရှိ ကြုံတွေ့နေရသော စားဝတ်နေရေး အခက်အခဲ ဘဝမှ ဒေသခံများ လုပ် ကိုင်ခွင့်နှင့် အကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။

သို့သော် အချိူ့က ပယင်းမှော်လုပ်ကွက်များကို တရားဝင်ချပေးပါက ဌာနေဒေသခံများအတွက် နှစ်နာဆုံးရှုံးမှုများရှိပြီး အမှန်တကယ် အကျိုးဖြစ်ထွန်း ခံစားရမည့်သူမှာ ဒေသခံမဟုတ်သည့် ရပ်ဝေးနေသူများသာ ချမ်းသာအဆင်ပြေသွားမည့်အပြင် ပြည်နယ်အတွင်းရှိ သဘာဝပတ် ဝန်းကျင်ပျက်ဆီးသွားမည်ဖြစ်သည့်အတွက် ကန့် ကွက်သူများလည်း ရှိနေပေသည်။

သို့သော် လတ်တလောမှာ ဒေသခံတိုင်းရင်းသားများသည် ယခင်မှော်တရားမဝင်လုပ်ကိုင် တုန်းကလို စားဝတ်နေရေးအဆင်မပြေလည် သည့်အပြင် တနိုင်းမြို့မ၊ မနက်ခင်းဈေးတန်းသည်လည်း ဝယ်သူမရှိဘဲ ခြောက်သွေ့လို့ နေပေတော့သည်။ အမှန်တကယ်ဒေသခံများသည် ယင်း ပယင်းမှော်လုပ်ကွက်များကို တရားဝင်ချ ပေးစေလိုသည်။

ယခုလို တရားဝင်လုပ်ကွက်များ ချပေးတော့ မည့်သတင်းကြောင့် ပယင်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ကြရန် စိုင်းပြင်းနေသည့် လုပ်ငန်းရှင်များလည်း ရှိနေသည်။

ထို့ကြောင့် ယခု ပယင်းလုပ်ကွက်များကို ချပေးတော့မည်ဆိုလျှင် ပြည်နယ်အစိုးရအနေဖြင့် ချပေးမည့် နေရာ၊ လျှောက်ထားသည့် လူများကို သေချာစနစ်တကျ စိစစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ လုပ်ကိုင်ခွင့်များကို ချပေးသည့်နေရာ မှာ ပယင်းထွက်ရှိနိုင်မှုရှိမရှိ၊ လျှောက်ထားသူသည် ဒေသခံများ ဟုတ်မဟုတ်ဆိုတာကို စိစစ်ရမည်ဖြစ်သည်။

သို့မဟုတ်သော် ဒေသခံများ၏ အကျိုးခံစားခွင့်ရရှိအောင် ဖန်တီးပေးခြင်းဆိုရာမှာ ထိရောက်မှု မရှိသည့် အပြင် ဒေသနှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော ဌာနေတိုင်းရင်းသားများအတွက် အကျိုးမဖြစ် ထွန်းဘဲ နှစ်နာမှုများသာရှိမည်။

ယခု အသေးစားလုပ်ကိုင်ခွင့်နှင့် တနိုင်တပိုင် လုပ်ကိုင်ခွင့် ဖန်တီးပေးခြင်းသည် မူရင်း ဒေသခံများ အတွက် အလုပ်အကိုင်ခွင့်လန်းဖန်တီးပေးခြင်းနှင့် မိမိဒေသ၌ ထွက်ရှိသော သယံဇာတများကို တရား ဝင်လုပ်ကိုင်ကြခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုစေနိုင်ရန်အတွက်သော်လည်းကောင်း၊ ပြည်နယ် အစိုးရ၏ အခွန်ငွေတိုးလာရန်အတွက်သော်လည်းကောင်း ဖန်တီးပေးခြင်းဖြစ်သည်။

ထို့ကြောင့် ယခုရွှေနှင့် ပယင်းလုပ်ကွက်များ ချပေးမည့်အစီအစဉ်သည် ဒေသခံများအတွက် ရည်ရွယ် ခြင်းလော၊ အောက်ပြည်အောက်ရွာဒေသမှ ခဏသာ လာရောက်လုပ်ကိုင်ကြသူများအတွက်လော ဆိုတာကို သေချာစိစစ်ရန်နှင့် မူူရင်းဌာနေတိုင်းရင်းသားများအတွက် ဟူးကောင်း ပယင်းလုပ်ကွက်များ အမြန်ဆုံးချပေးရန်လိုအပ်ပါကြောင်း ဖေါ်ပြလိုက်ပါသည်။

အယ်ဒီတာ

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်

Eternally Peace News Network (EPN)
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။