Trending Now

ပခုက္ကူမြို့နယ် ကျွန်ချောင်း – သက်ကယ်ကျင်း လမ်းပိုင်းတွင် အကြမ်းဖက် PDF များ အသေဖမ်းဆီးရမိ

Spread the love

ပခုက္ကူမြို့နယ် ကျွန်ချောင်း – သက်ကယ်ကျင်း လမ်းပိုင်းတွင် အကြမ်းဖက် PDF များ အသေဖမ်းဆီးရမိ

EPN
ပခုက္ကူ၊ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ကျွန်ချောင်း – သက်ကယ်ကျင်း လမ်းပိုင်းတွင် ဇန်နဝါရီလ ၂ ရက်နေ့က အကြမ်းဖက် PDF များ မောင်းနှင်လာသော ဆိုင်ကယ် ၈ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF ၉ ဦးကို အသေဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဥ် ကျွန်းချောင်း – သက္ကယ်ကျင်း လမ်းအတိုင်း အကြမ်းဖက် PDF ၁၅ ဦးမှာ ဆိုင်ကယ် ၈ စီးဖြင့် ထွက်လာကြောင်း သတင်းရရှိသဖြင့် လမ်းကြောင်းအတိုင်း ကင်းပုန်းဝပ်စောင့်ဆိုင်းရာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၉ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF ၉ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး၊ ပစ္စတို ၁ လက်၊ FCG 9 ၁ လက်၊ လုပ်သေနတ် ၅ လက်၊ ဆိုင်ကယ် ၅ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆီးရရှိခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။