Trending Now

တစ်ခါတစ်ရံ မေတ္တာလက်နက်များထက် တုတ်၊ ဓားလက်နက်များက ပိုထက်ဟု မျိုးသာကီဆရာတော် အရှင်ပုည မိန့်ကြား

Spread the love

တစ်ခါတစ်ရံ မေတ္တာလက်နက်များထက် တုတ်၊ ဓားလက်နက်များက ပိုထက်ဟု မျိုးသာကီဆရာတော် အရှင်ပုည မိန့်ကြား

EPN
မင်းဘူး၊ ဇန်နဝါရီ ၁၈ (၂၀၂၄)

MNDAA အဖွဲ့၏ ဘာ သာရေးစော်ကားမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်နေ့လည် ၃ နာရီက မင်းဘူးမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မျိုးသာကီဆရာတော် အရှင်ပုညက ” တစ်ခါတစ်ရံတွင် မေတ္တာလက်နက်များထက် တုတ်၊ ဓားလက်နက်များက ပိုထက် ” ဟု မိန့်ကြားတော်မူခဲ့သည်။

ဗုဒ္ဓဘာသာသည် မေတ္တာထားရသည့်ဘာသာဖြစ်ပြီး မိမိတို့ ယခုကဲ့သို့ပြောဆိုနေရခြင်းသည် ပြောချင်လွန်း၍ မဟုတ်ဘဲ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကိုယ့်ရေကိုသောက် ကိုယ့်မြေမှ အဆီအနှစ်များကို ထုတ်ဖော်စားသုံးနေသည့် လူတစ်စု၏ စော်ကားမှုကြောင့် ပြောဆိုနေရခြင်း ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

” တစ်ခါတစ်ရံမှာ မေတ္တာလက်နက်ထက် တုတ်၊ ဓားလက်နက်တွေက ပိုထက်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် သံဃနာယာက ဆရာတော်ကြီးတွေ၊ ရပ်ကျေးသံဃနာယက ဆရာတော်ကြီးတွေ အနေနဲ့ ဒီလိုမျိုးအဖြစ်အပျက်တွေကို ထိုင်ကြည့်မနေဘဲ ထိရောက်စွာ အရေးယူပေးဖို့လတောင်းဆိုလျှောက်ထားပါတယ်။ နစက အစိုးရကိုလည်း တောင်းဆိုပါတယ် ” ဟု မိန့်ကြားခဲ့သည်။

ယင်းအပြင် ရန်သူအား မေတ္တာပေး၍ မေတ္တာပြန်မရပါက တရားသည်တုတ်ဘဲဖြစ်ပြီး ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအား ထိခိုက်နေခြင်းကို မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲ၊ မကိုင်ရဲပါက ကျီးလောက်ပင် အဆင့်မရှိဖြစ်နေမည်ဟု မိန့်ကြားသည်။

” ကျီးတွေဟာ သူတို့ထဲကတစ်ကောင်ကို လေးခွနဲ့ ပစ်ချလိုက်လို့ အဲဒီကျီးဟာ သေလို့သာ ကျပါလိမ့်မယ်။ အဲဒီကျီးရဲ့နားမှာ သူ့အမျိုးကျီးတွေက ဝိုင်းအာတယ်။ ကိုယ့်အမျိုးကိုထိရင်၊ ကိုယ့်ဘာသာကိုထိရင်၊ ကိုယ့်သာသနာကိုထိရင် ကျီးလိုဝိုင်းအာရမယ်။ အာနိုင်တဲ့ သတ္တိရှိအောင် ကြိုးစားကြပါ ” ဟုလည်း ထပ်မံမိန့်ကြားခဲ့သည်။

လက်ရှိအချိန်၌ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် လက်နက်ကိုင်အဖွဲ့ဝင်များက ဘုရားစေတီပုထိုးတော်များနှင့် ဘုရားဆင်းတုတော်များအား ဖျက်ဆီးနေမှုများကို မြန်မာနိုင်ငံအနှံ့တွင် ရဟန်းသဃာတော်များနှင့် လူပုဂ္ဂိုလ်များစုပေါင်း၍ ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်လျက်ရှိပြီး၊ အဖွဲ့အစည်း အများအပြားမှလည်း ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ချက်များ ထုတ်ပြန်လျက်ရှိသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။