Trending Now

ပါလက်စတိုင်း အစ္စရေးပဋိပက္ခ ၃ ရက်အတွင်း သေဆုံးသူဦးရေ ၁၁၀၀ ကျော်အထိရှိလာ

Spread the love

ပါလက်စတိုင်း အစ္စရေးပဋိပက္ခ ၃ ရက်အတွင်း သေဆုံးသူဦးရေ ၁၁၀၀ ကျော်အထိရှိလာ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၉

အောက်တိုဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပါလက်စတိုင်း – အစ္စရေးပဋိပက္ခအတွင်း ပါလက်စတိုင်း ၄၁၃ ဦးနဲ့ အစ္စရေး ၇၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ဆက်တိုက်တိုးလာနေတယ်လို့ အယ်ဂျားဇီးယားက ဖော်ပြထားပါတယ်။

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဂါဇာကမ်းမြှောင်ဘက်ကနေ အစ္စရေးဘက်ကို စနေနေ့ မနက်ပိုင်းက ဒုံးကျည် ၅၀၀၀ ကျော်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး အစ္စရေးကိုထိုးစစ်ဆင်မယ့် စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဟားမတ်စ်တွေရဲ့ အံအားသင့်ဖွယ်တိုက်ခိုက်မှုအပြီး အစ္စရေးတောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတဲ့အတွက် အောက်တိုဘာ ၈ ရက်နေ့မှာ အစ္စရေးက “စစ်ပွဲအခြေအနေ”အဖြစ် ကြေညာခဲ့ပြီး တန်ပြန်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း ၁၂၃,၅၃၈ ဦးဟာ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကမ်းရိုးတန်းဒေသရှိ စာသင်ကျောင်း ၆၄ ကျောင်းမှာ ခိုလုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။

အစ္စရေး တိုက်ခိုက်မှုအတွင်း အထပ်ပေါင်းများစွာရှိတဲ့ တာဝါတိုင်ကြီး လေးခုအပါအဝင် အိမ်ပေါင်း ၁၅၉ လုံး ပျက်စီးခဲ့ပြီး ၁၂၁၀ လုံး ပြင်းထန်စွာ ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။

ဟားမတ်စ်နဲ့ စစ်ပွဲဖြစ်ပွားနေတဲ့အတွက် ဂါဇာကမ်းမြောင်ဒေသအနီးမှာ အရန်တပ်သား ၁၀၀,၀၀၀ ကို စုစည်းထားတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဟားမတ်စ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ ဦးကို အမေရိကန်က တောင်းဆိုခဲ့ပေမယ့် ရုရှားဦးဆောင်တဲ့ အဖွဲ့ဝင်တွေက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ကို ရှုတ်ချခြင်းထက် ပိုမိုကျယ်ပြန့်တဲ့ အာရုံစိုက်မှုကို မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။.

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။