Trending Now

လံုးခင္း-ေမွာ္စီစာ လမ္းမေပၚတြင္ ဆိုင္ကယ္အခ်င္းခ်င္းတိုက္မိရာမွ လူသံုးဦးဒါဏ္ရာရရွိ

Spread the love

လံုးခင္း-ေမွာ္စီစာ လမ္းမေပၚတြင္ ဆိုင္ကယ္အခ်င္းခ်င္းတိုက္မိရာမွ လူသံုးဦးဒါဏ္ရာရရွိ

EPN
လံုးခင္း၊ မတ္ ၂၅

လံုးခင္း-ေမွာ္စီစာလမ္းမေပါ ္တြင္ ယေန႔ေန႔လည္ (၁၂း၅၀)အခ်ိန္က ဆိုင္ကယ္အခ်င္းခ်င္းတိုက္မိရာမွ အမ်ိဳ းသားနွစ္ဦး ၊အမ်ိဳးသမီးတစ္ဦး ဒါဏ္ရာရရွိေၾကာင္း သိရသည္။

ဒါဏ္ရာရသူမ်ားမွာ ေမာင္လစိုး(၁၆)နွစ္၊ (ဘ)ဦးေမာင္ခိုင္ ၊လံုးခင္းရပ္ကြက္(၅)တြင္ ေနထိုင္သူျဖစ္ၿပီး (ေျခေထာက္က်ိဳး)ဒါဏ္ရာရရွိထားေၾကာင္း၊ ဦးေက်ာ္ေထြး(၃၇)နွစ္၊ (ဘ)ဦးၾကည္တိုး၊ လယ္ျပင္ကြက္သစ္တြင္ေနထိုင္ၿပီး၊ ယာဘက္လက္အဆစ္လြဲဒါဏ္ရာရရွိထားၿပီး ၊ေဒၚခင္မာ(၅၈)နွစ္၊ (ဘ)ဦးေဒါဝက္၊ လယ္ျပင္ကြက္သစ္တြင္ေနထိုင္ၿပီး ဒါဏ္ရာ(ရွာေဖြစစ္ေဆးစဲ)ျဖစ္ၿပီး ၊ ၎တို႔သံုးဦးအား လံုးခင္းတိုက္နယ္ေဆးရံုသို႔ပို႔ေဆာင္ေဆးဝါးကုသေနေၾကာင္း ေမွာ္စီစာအုပ္ခ်ဳပ္ေရးရံုးမွသိရသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္သည့္ေနရာသည္ ၿပီးခဲ႔သည့္မတ္လ(၁၃)ရက္ေန႔တြင္လည္း တုန္ဖုန္းယာဥ္နွင့္ဆိုင္ကယ္တိုက္မိသည့္ေနရာျဖစ္ရာ၊ ယခုလအတြင္း ယာဥ္တိုက္မႈနွစ္ႀကိမ္ျဖေပါ ္ခဲ႔ေၾကာင္း အဆိုပါေဒသခံမ်ားထံမွသိရသည္။

ေနာင္ရိုး
—————————————

လုံးခင်း-မှော်စီစာ လမ်းမပေါ်တွင် ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ လူသုံးဦးဒါဏ်ရာရရှိ

EPN
လုံးခင်း၊ မတ် ၂၅

လုံးခင်း-မှော်စီစာလမ်းမပေါ ်တွင် ယနေ့နေ့လည် (၁၂း၅၀)အချိန်က ဆိုင်ကယ်အချင်းချင်းတိုက်မိရာမှ အမျို းသားနှစ်ဦး ၊အမျိုးသမီးတစ်ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။

ဒါဏ်ရာရသူများမှာ မောင်လစိုး(၁၆)နှစ်၊ (ဘ)ဦးမောင်ခိုင် ၊လုံးခင်းရပ်ကွက်(၅)တွင် နေထိုင်သူဖြစ်ပြီး (ခြေထောက်ကျိုး)ဒါဏ်ရာရရှိထားကြောင်း၊ ဦးကျော်ထွေး(၃၇)နှစ်၊ (ဘ)ဦးကြည်တိုး၊ လယ်ပြင်ကွက်သစ်တွင်နေထိုင်ပြီး၊ ယာဘက်လက်အဆစ်လွဲဒါဏ်ရာရရှိထားပြီး ၊ဒေါ်ခင်မာ(၅၈)နှစ်၊ (ဘ)ဦးဒေါဝက်၊ လယ်ပြင်ကွက်သစ်တွင်နေထိုင်ပြီး ဒါဏ်ရာ(ရှာဖွေစစ်ဆေးစဲ)ဖြစ်ပြီး ၊ ၎င်းတို့သုံးဦးအား လုံးခင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ဆေးဝါးကုသနေကြောင်း မှော်စီစာအုပ်ချုပ်ရေးရုံးမှသိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်သည့်နေရာသည် ပြီးခဲ့သည့်မတ်လ(၁၃)ရက်နေ့တွင်လည်း တုန်ဖုန်းယာဉ်နှင့်ဆိုင်ကယ်တိုက်မိသည့်နေရာဖြစ်ရာ၊ ယခုလအတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြပေါ ်ခဲ့ကြောင်း အဆိုပါဒေသခံများထံမှသိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။