Trending Now


Spread the love

[youtube=https://www.youtube.com/watch?v=bashy57-oF4&w=320&h=266]

EPN TV News

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီး တိုင်ရပ် ဆိုင်းရန်​အတွက်​ ဖေ​ဖော်ဝါရီလ ၇ရက်နေ့က ဆန္ဒ​ဖော်​ထုတ်​ရာ ခွင့်ပြုချက်တွင်​ မပါရှိသည့်ေ​လ်ာစပီကာနှင့်​ (No Dam)နဖူးစည်း အား


ပါတယ်​။


မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဒေါ်ဂျာခေါန်ကို ငွေဒဏ်ချမှတ်

EPN TV News
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီး တိုင်ရပ် ဆိုင်းရန်အတွက် ဖေဖော်ဝါရီလ ၇ရက်နေ့က ဆန္ဒဖော်ထုတ်ရာ ခွင့်ပြုချက်တွင် မပါရှိသည့်လော်စပီကာနှင့် (No Dam)နဖူးစည်း အားအသုံးပြုခဲ့တဲ့အတွက် မြစ်ကြီးနားမြို့နယ်ရဲမှူးမြင့်မိုးမှ ပုဒ်မ၂၀နှင့် ဦးဆောင်သူကို တရားစွဲဆိုခဲ့ပါတယ်။

အဆိုပါ တရားစွဲဆိုမှုကို မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဖေဖေါ်ဝါရီ ၁၁ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲဖြစ်မြှောက်ရေးဦးဆောင်သူဒေါ်ဂျာခေါန်ကို ငွေဒဏ်၁သောင်းအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

ဆန္ဒပြသူများမှာ မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကို အပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိကြောင်းစသည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာမြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များမှ ဒေသခံ၄ထောင်ခန့်က ပူးပေါင်းကာ မနောကွင်းကနေ
မြစ်ကြီးနားမြို့အတွင်းကို လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်
ပါတယ်။

သတင်းအပြည့်အစုံ TV News


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။