Trending Now

ရုရှားထိုးစစ်ကြောင့် ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာ

Spread the love

ရုရှားထိုးစစ်ကြောင့် ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာ

EPN
နိုင်ငံကတာ၊ ဖေဖော်ဝါရီ ၁

ရုရှားက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပါတယ်။

ယူကရိန်း စစ်တပ် အခိုင်အမာ ခြေကုတ်ယူထားတဲ့ ယူကရိန်း အရှေ့ပိုင်း ဒွန်းနက်စ် ဒေသ ဘာ့ခ်မွတ် နဲ့ ဗူလ်ဒါ မြို့တွေကို ရုရှားက ဆက်တိုက် ထိုးစစ်ဆင်နေတယ်လို့ ယူကရိန်း သမ္မတ ဇလန်ဇကီက ပြောပါတယ်။

ယူကရိန်းနိုင်ငံကလည်း တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် အနောက်နိုင်ငံတွေက တိုက်လေယာဉ်တွေနဲ့ တင့်ကား အကူအညီတွေကို တောင်းဆိုနေပါတယ်။

ပိုလန်ဝန်ကြီးချုပ် မက်သယူးက ယူကရိန်းကို တိုက်လေယာဉ်တွေ လွဲပြောင်းပေးအပ်ဖို့ နေတိုးနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တနင်္လာနေ့က ပြောပါတယ်။

ယူကရိန်းသမ္မတရုံးအကြီးအကဲ အန်ဒရီက F-16 ဂျက်လေယာဉ်တွေ ထောက်ပံ့ဖို့ တောင်းဆိုထားပြီး ပိုလန်ရဲ့ အပြုသဘောဆောင်တဲ့ အချက်ပြမှုကို သတိပြုမိတယ်လို့ လူမှုကွန်ရက် ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းကို အမေရိကန် F-16 တိုက်လေယာဉ်တွေ စေလွတ်ဖို့ မရှိဘူးလို့ သတင်းထောက်တွေကို တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

ရုရှားက ဂျက်လေယာဉ်ထောက်ပံ့မှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာနိုင်တာကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမှုကို ရှောင်ရှားနိုင်ဖို့ ဘိုင်ဒင်က မျှော်လင့်နေပုံရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

— ကိုးကား —
NHK
Ref; Battles intensify in eastern Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။