Trending Now

ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ဆန္ဒပြတဲ့အနေနဲ့ ဂျပန်အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့

Spread the love

ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ဆန္ဒပြတဲ့အနေနဲ့ ဂျပန်အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်းဇိုးအာဘေ ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ဆန္ဒပြတဲ့အနေနဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ ဒီနေ့ မနက်ပိုင်းက ဝန်ကြီးချုပ်ဟောင်းရဲ့ ရုံးခန်းအနီးမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ဂျပန်အစိုးရက နိုင်ငံတော်ဈာပနအခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဈာပနအခမ်းအနားမှာ ဂျပန်အစိုးရက ယန်း ၁.၆၅ ဘီလီယံ (ဒေါ်လာ ၁၂ ) အကုန်ကျခံဖို့ စီစဉ်ထားတဲ့အတွက် သာမန်ပြည်သူအများစုဟာ အခုလိုအချိန်မှာ ဈေးကြီးတဲ့ အခမ်းအနားကျင်ပ ပြုလုပ်မှုအတွက် အစိုးရကို မကြေမနပ်ဖြစ်နေကြပြီး ဝန်ကြီးချုပ်ဟောင်းရဲ့ ဈာပနကို ဆန္ဒပြမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

“ကျွန်တော် ပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်” ဆိုတဲ့ စာသာကို အနီးမှာ ရေးသားကာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့တဲ့ အသက် ၇၀ ရွယ်အမျိုးသားဟာ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာ ကြောင့် ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး သူ့ကိုယ်ဆယ်ဖို့ ကြိုးပမ်းခဲ့တဲ့ ရဲအရာရှိတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် ဈာပနပွဲတွေဟာ ဂျပန်နိုင်ငံမှာ လုပ်လေ့လုပ်ထမရှိတဲ့ ပွဲတစ်ခုဖြစ်သလို ပြည့်သူ့ဘဏ္ဍာကို အသုံးပြုပြီး ငွေအမြောက်အများသုံးစွဲမယ့် အခမ်းအနားကို မကြေမနပ်ဖြစ်နေကြတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် အဆိုပါအမျိုးသားဟာ သူ့ကိုယ်သူ မီးမရှို့ခင် ဝန်ကြီးချုပ်ရဲ့ ဈာပနအခမ်းအနားကို ကန့်ကွက်ကြောင်း ရဲအရာရှိတစ်ဦးကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်ပါလီမန်က နိုင်ငံရေးသမားတွေကလည်း အငြင်းပွားဖွယ် ဘုရားကျောင်းတစ်ခုနဲ့ ဆက်နွယ်မှုရှိနေတယ်ဆိုတာကို တွေ့ရှိလာခဲ့ရတဲ့အတွက် ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

— ကိုးကား —
ရိုက်တာ/bbc
ref; Japanese man sets himself on fire in apparent protest at former PM’s state funeral

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။