Trending Now

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ပြည်လုံးချမ်းသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှုဒါန်း

Spread the love

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ပြည်လုံးချမ်းသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှုဒါန်း
EPN
မြစ်ကြီးနား၊ဒီဇင်ဘာ ၂၁
မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ ပြည်လုံးချမ်းသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ကချင်ပြည်နယ် အထူးဒေသ (၁) ဥက္ကဌ၊ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးခင်မောင်ကျော်၊ ဦးယောယိန်း၊ ဦးတွမ်ပီချင်း၊ ဦးရဲလင်းထွန်း ဆက်ဆံရေးရုံးမိသားစုများမှ ယ‌နေ့ ဒီဇင်ဘာ ၂၁ ရက် (နတ်တော်လကွယ်) နေ့တွင် လှူဖွယ် ဝတ္ထုပစ္စည်းများ၊ပရဟိတကျောင်းရှိ ကလေးငယ်များအတွက် အသုံးအဆောင် ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ မိသားစုများက လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူ ဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ ငါးပါးသီလနှင့် တရား‌တော်များကို ခံယူခဲ့ကြသည်။
ယင်းနောက်တွင် ဆရာတော်များကို နေ့ဆွမ်းကပ်လှူပူဇော်ခဲ့ကြပြီး ကျွန်းပင်သာပရဟိတကျောင်းမှ မိဘမဲ့ကလေးငယ်များအား‌အတွက် ရွှေဝါ-ဆပ်ပြာ ၁ဖာ၊ ဖိနပ်-ဆိုဒ်အသေး ၁၅ စုံ၊ အလတ် ၁၅ စုံ၊အကြီး ၁၅ စုံ၊ ရိုးရိုးဗလာစာအုပ် ၁၅ ဒါဇင်၊ လေးချောင်းမျဉ်းစာအုပ် ၅ ဒါဇင်၊ ခဲဖျက် ၅၀ခု၊ ဘောပင် ၁၀၀ ချောင်း၊ ခဲတန် ၁၀၀ ချောင်း၊ ဆီ ၁ ဗုံး၊ ဆန် ၅ အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး၊ နေ့လည်စာတို့ကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ပြည်လုံးချမ်းသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်များနှင့်မိဘမဲ့ကလေးငယ်များအတွက် လပြည့်၊ လကွယ်‌နေ့များတွင် လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။