Trending Now

ကိုရိုနာဗိုင်းရပ်စ်ကြောင့် G-7 ထိပ်သီးအစည်းအဝေးကို ဗီဒီယိုကွန်းဖရင့်ဖြင့် ကျင်းပမည်

Spread the love

ကိုရိုနာဗိုင်းရပ်စ်ကြောင့် G-7 ထိပ်သီးအစည်းအဝေးကို ဗီဒီယိုကွန်းဖရင့်ဖြင့် ကျင်းပမည်
 

EPN
နိုင်ငံတကာ မတ် ၂၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ဂျီ-၇ ခေါင်းဆောင်များ၏ လူကိုယ်တိုင်တက်ရောက်မည့် ယခုနှစ် ထိပ်သီးအစည်းအဝေးကို ပယ်ဖျက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်သည်။

ထိုအစား ခေါင်းဆောင်များက ဗီဒီယိုကွန်းဖရင့်တစ်ခု ကျင်းပမည်ဟု အိမ်ဖြူတော်က ပြောသည်။


ဝါရှင်တန်မြို့တော် ဆင်ခြေဖုံး ဒေးဗစ်စခန်း၌ ဇွန်လအတွင်း ကျင်းပရန်စီစဉ်ထားသည့် စက်မှုဖွံ့ဖြိုးပြီး တိုင်းပြည်များ၏ နှစ်စဉ်ပြုလုပ်နေကျ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းရန် သမ္မတထရမ့်က ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများက မတ်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ၏ ကျန်းမာရေးနှင့် စီးပွားရေးစိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် ဂျီ-၇ အဖွဲ့ ဝင်တိုင်းပြည်တိုင်းက ဖိဖိစီးစီး လုပ်ဆောင်နိုင်စေရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းကို တုံ့ပြန်ရန် ယခုနှစ် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲ၏ သဘာပတိဖြစ်သူ သမ္မတထရမ့်က ယခုအပတ်အစောပိုင်းတွင် အခြားခေါင်းဆောင်များနှင့် အရေးပေါ်  ဗီဒီယိုကွန်းဖရင့်တစ်ခု ပြုလုပ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီနှင့် မေလများအတွင်း ဂျီ-၇ ခေါင်းဆောင်များနှင့် ဗီဒီယိုကွန်းဖရင့်များ ပိုမိုကျင်းပရန် စီစဉ်နေကြောင်း အိမ်ဖြူတော်က ဆိုသည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Trump cancels in-person G7 summit over virus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။