Trending Now

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကုမ္ပဏီတွေရဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူတွေကို လျော်ကြေးပေးဖို့ တောင်ကိုရီးယား စီစဉ်နေ

Spread the love

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကုမ္ပဏီတွေရဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူတွေကို လျော်ကြေးပေးဖို့ တောင်ကိုရီးယား စီစဉ်နေ
EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကုမ္ပဏီတွေရဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူတွေကို ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး လျော်ကြေးပေးဖို့ တောင်ကိုရီးယား စီစဉ်နေတယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။
ဆိုးလ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ ပြုလုပ်ခဲ့တဲ့ လူထုကြားနာပွဲအတွင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ အဆိုပါလျော်ကြေးပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လူထုရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
လျော်ကြေးငွေကို ဂျပန်နိုင်ငံက တိုက်ရိုက် ပေးဆောင်ဖို့ တောင်းဆိုထားတဲ့ ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ တရားဝင်ကိုယ်စားလှယ်တွေက တောင်ကိုရီးယားအစိုးရရဲ့ အစီအစဉ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။
၂၀၁၈ ခုနှစ် တောင်ကိုရီးယား တရားရုံးချုပ်က နိပွန်စတီးလ်ကုမ္ပဏီနဲ့ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းတို့ကို ကိုရီးယား အဓမ္မလုပ်သားတွေကို လျော်ကြေးပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီးကတည်းက တောင်ကိုရီးယားနဲ့ ဂျပန်တို့ ဆက်ဆံရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီတွေက အဆိုပါအမိန့်ကို လိုက်နာဖို့ ငြင်းဆိုထားတဲ့အတွက် ကုမ္ပဏီတွေကို ပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းဖို့အထိ တောင်ကိုရီးယားဘက်က လုပ်ဆောင်ခဲ့ပြီး နစ်နာသူတွေကလည်း သူတို့ရဲ့ နစ်နာမှုနဲ့ ပတ်သက်ပြီး ဂျပန်ကုမ္ပဏီတွေကို တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်အစိုးရက စစ်တွင်း အလုပ်သမားပြဿနာတွေနဲ့ ပတ်သက်လို့ ၁၉၆၅ ခုနှစ်ကတည်းက တောင်းဆိုပိုင်ခွင့်မှန်သမျှကို အပြီးအပိုင်ဖြေရှင်းပြီဖြစ်လို့ ၂၀၁၈ ခုနှစ်က ချမှတ်ခဲ့တဲ့ တောင်ကိုရီးယားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရားရုံးချုပ်ရဲ့ စီရင်ချက်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး တောင်ကိုရီးယားက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂျပန်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းကာ တောင်ကိုရီးယား နစ်နာသူတွေကို လျော်ကြေးပေးဆောင်လိုက်မယ် ဆိုပါက ဂျပန်နဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ပြုပြင်လို့ မရအောင် ပျက်စီးသွားမယ်လို့ ဂျပန်က သတိပေးထားပါတယ်။
ဂျပန်က ဂျပန်က လက်ခံနိုင်တဲ့ ဂျပန်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ ဖျက်သိမ်းမှုကို ရှောင်လွှဲနိုင်တဲ့ အတိုင်းအတာတစ်ခု လုပ်ဖို့ တောင်ကိုရီးယားဘက်ကို ပြင်းပြင်းထန်ထန် တိုက်တွန်းထားပြီး တစ်ဖက်မှာလည်း မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးနေတယ်လို့ ဂျပန်က ဆိုပါတယ်။
— ကိုးကား —
AP/nhk

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။