Trending Now

ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းငွေဖြည့်ကဒ် အခုရေ (၅၀၀) လှူဒါန်း

Spread the love

ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းငွေဖြည့်ကဒ် အခုရေ (၅၀၀) လှူဒါန်း

EPN
မြစ်ကြီးနား၊ ဇွန် ၃

ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကချင်ပြည်နယ် အတွင်းရှိ ကိုဗစ် – ၁၉ Quarantine ဝင်ရောက်နေသူများ အတွက် တစ်ထောင်တန် ဖုန်းငွေဖြည့်ကဒ် အခုရေ (၅၀၀)ကို ယမန်နေ့ ဇွန်လ(၂)ရက် က လှူဒါန်းခဲ့ကြောင်း ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ရုံးမှ သိရသည်။

ယင်းသို့လှူဒါန်းရာတွင် ဇွန်လ ၂ရက်၊ နံနက်ပိုင်း ပြည်နယ် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ သို့ တစ်ထောင်တန်ငွေဖြည့်ကဒ် (၃၀၀)ကိုလှူဒါန်းခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ယင်းနေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ပေါ်ရှိ Quarantine Centre များ အနက် Centre (၄) ခု အတွက် တစ်ထောင်တန် ငွေဖြည့်ကဒ် (၂၀၀)ကို မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT အနေဖြင့် ကချင်ပြည်နယ်အတွင်း တစ်ထောင်တန် ငွေဖြည့်ကဒ် စုစုပေါင်း (၅၀၀)၊ တန်းဖိုငွေ စုစုပေါင်း (၅)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။