Trending Now

မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးဖို့ လက်ခံတာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ရပ်တန့်မယ်

Spread the love

မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးဖို့ လက်ခံတာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ရပ်တန့်မယ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပါအဝင် လူ ၄ ဦး သေဒဏ်ပေးခံရတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ကျောင်းသားအဖြစ် လက်ခံနေတာကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလည်း နောက်ပိုင်းမှာတောင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေကို ကျောင်းသားတွေအဖြစ် လက်ခံနေခဲ့တယ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဇူလိုင်လက သေဒဏ်ပေးခဲ့မှုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ပါတီစုံအဖွဲ့တစ်ဖွဲ့ဟာ ဂျပန်အနေနဲ့ စစ်တပ်အဖွဲ့ဝင်တွေကို အဲဒီလို လက်ခံတာ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့ကြောင့် လာမယ့်နှစ် ဧပြီလမှာ စတင်မယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်က စပြီး အဲဒီလို ကျောင်းသားလက်ခံတာကို ရပ်တန့်မှာ ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Aoki Takeshi က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျပန်ရဲ့ နိုင်ငံ့ကာကွယ်ရေးအကယ်ဒမီနဲ့ တခြားနေရာတွေမှာ တက်ရောက်နေပြီးသားဖြစ်တဲ့ ၁၁ ဦးကိုတော့ သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

သေဒဏ်မပေးခင်မှာ ကြိုတင်ပြီး ဂျပန်အနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အပေါ် မြန်မာစစ်တပ်ခေါင်းဆောင်တွေက လျစ်လျူရှုခဲ့တဲ့အတွက် မြန်မာနဲ့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုနဲ့ ကူးလူးဖလှယ်မှုတွေ ဆက်လက် လုပ်ဆောင်ဖို့ မသင့်တော်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တယ်လို့ လည်း Aoki Takeshi ဆိုပါတယ်။

source – nhk
ref; japan to scrap study agreement with myanmar’s military

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။