Trending Now

သာကေတ ရှုခင်းသာလမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦးအား ကားတစ်စီးက တိုက်သွား

Spread the love

သာကေတ ရှုခင်းသာလမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ဦးအား ကားတစ်စီးက တိုက်သွား

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ-၂၈ (၂၀၂၄)

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ရှုခင်းသာ လမ်းမကြီးပေါ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦးအား ကားတစ်စီးမှတိုက်သွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေး အဖွဲ့ထံမှ သိရသည်။

ယမန်နေ့၊ ည ၇ နာရီခန့်က သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းမကြီးပေါ်ရှိ (၅)ကွေ့ မှတ်တိုင်အနီးတွင် အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးအား ကားတစ်စီးမှ တိုက်သွားခဲ့သဖြင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကားဖြင့်တိုက်ခံရမှုကြောင့် အမျိုးသမီးကြီးမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရှုခင်းသာ လူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။