Trending Now

ကလေးမြို့ပေါ်မှာ မိုင်းထောင်ဖောက်ခွဲပြီး အများပြည်သူကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမား တစ်ဦး ဖမ်းဆီးရမိ

Spread the love

ကလေးမြို့ပေါ်မှာ မိုင်းထောင်ဖောက်ခွဲပြီး အများပြည်သူကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမား တစ်ဦး ဖမ်းဆီးရမိ

EPN

ကလေး ၊ မတ် ၅

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာ ဒေသလုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ကိုင်နေတဲ့အဖွဲ့က ကလေးမြို့ပေါ်မှာ မိုင်းထောင် လူသတ်နေတဲ့ အကြမ်းဖက်သမား တစ်ဦးကို မတ် ၅ ရက် ၊ ဒီမနက်ပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။

” ကလေးမြို့ ၊ အောင်သစ္စာရပ်ကွက် ၊ နယ်မြေ ၃ မှာနေတဲ့ ဇော်လှိုင်မျိုး ခေါ် ထွန်းဝင်းလှိုင် ဆိုတဲ့သူ အဖမ်းခံရတာ ” လို့ အောင်သစ္စာ ရပ်ကွက္နေ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ကလေးမြို့နယ် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ” ဇော်လှိုင်မျိုး(ခ)ထွန်းဝင်းလှိုင် နဲ့အတူ လက်လုပ်ဂက်စ် သေနတ် ၁ လက်၊ ဖန်ဂေါ်လီ ၅၀ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်းပြုလုပ်ဆဲ သံစလစ်အိုး ၁ လုံး၊ သံပိုက် ၁ ချောင်း၊ PVC ပိုက် ၅ ချောင်း၊ အင်္ဂတေ ၇ ခု၊ ယမ်းစိမ်းမှုန့်၊ အမိုနီယမ်နိုက်ထရိတ်၊ သံဘောစေ့ ၁ ထုပ်၊ ဒိုင်းကာ(သံကိုယ်ထည်) ၄ ခု၊ သုံးမြှောင့်ဆူး ၄ ချောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိုစတာ ၁ ချပ်၊ NLD တံဆိပ်ပါဦးထုပ် ၃ လုံး၊ ဖိုက်ဘာဦးထုပ် ၃ လုံး၊ ဓာတ်ငွေ့ကာ ၁ စုံ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ပိုက်တပ်ဆင်လျက်ရေသန့်ဘူးခွံ ၁ ခု၊ယမ်းကြိုးခွေ ၁ ခွေ တို့နှင့်အတူဖမ်းဆီးရမိတာ ” လို့ ပြောပါတယ်။

ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက်က ဟိုတယ်တခုမှာ ပြီးခဲ့တဲ့ရက် အခုလ ၃ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ အကြမ်းဖက်သမား ၃ ယောက်ကို မူးယစ်ဆေးဝါး ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။